ဆမ်ဆောင်း Galaxy Note 7 ဖုန်းများမှာ ပေါက်ကွဲမှုကိုဖြစ်စေသည်ဟု သတင်းများထွက်ပေါ် လာပြီးနောက် စင်ကာပူ လေကြောင်းလိုင်း(SIA)က တခြားလေကြောင်းလိုင်းများနည်း တူ လေယာဉ်ပျံသန်းနေစဉ် အဆိုပါ ဖုန်းများကို အသုံးမပြုရန် ယနေ့တားမြစ်လိုက်ကြောင်း Bangkok Post သတင်း ကဆိုပါတယ်။
Galaxy Note 7 ၏ ဘက်ထရီများမှာ အားသွင်းနေစဉ်နှင့် အားသွင်းပြီးချိန်တွင် ပေါက်ကွဲမှုကို ဖြစ်စေတတ် သည်ဆိုသော သတင်းများထွက်ပေါ်အပြီး လေကြောင်းလိုင်းများက အဆိုပါ ဖုန်းကို လေယာဉ်အတွင်းသုံးစွဲခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပါတယ်။
SIA၏ ကြေညာချက်၌ ကျွနုပ်တို့၏ လေယာဉ်များပေါ်တွင် Galaxy Note 7 ဖုန်းအသုံးပြုခြင်းနှင့် အားသွင်း ခြင်း မပြုလုပ်ဖို့ တားမြစ်ကြောင်း ဖော်ပြထားပါတယ်။
ယခုဆိုလျှင် စင်ကာပူ လေကြောင်းလိုင်း(SIA)သာမက သြစတြေးလျ လေကြောင်းလိုင်း Qantas နှင့် Virgin Australiaနှင့် အဘူဒါဘီအခြေစိုက် Etihad လေကြောင်းလိုင်းတို့ကလည်း တားမြစ်မှုတွေ ပြုလုပ်နေပါတယ်။
အမေရိကန်နှင့် ဂျပန်လေကြောင်းအာဏာပိုင်များကလည်း Galaxy Note 7 အသုံးပြုသူ ခရီးသည်များ အနေ ဖြင့် လေယာဉ်ပေါ်တွင် ဖုန်းကိုဖွင့်ခြင်းမပြုရန် သို့မဟုတ် အားသွင်းခြင်း မပြုလုပ်ဖို့ တိုက်တွန်း ထားသလို အမေရိကန်ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးဌာနကလည်း Galaxy Note 7 ဖုန်းကို ကုန်စည်တင်သည့်နေရာ တွင် မထည့်သွင်းရန်၊ ခရီးသည်များအနေဖြင့်လည်း လေကြောင်းလိုင်းများကို အပ်နှံသည့် ခရီးဆောင်အိတ်နှင့် သေတ္တာများအတွင် ထည့်မပေးရန် သတိပေးထားသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆမ်ဆောင်း Galaxy Note 7 ပေါက်ကွဲမှုကြောင့် ဂျစ်ကားတစီး မီးလောင်မှုဖြစ်ပွား ခဲ့တာကို အမေရိကန်ရုပ်သံလိုင်းတခုမှ ပြသခဲ့သလို၊ တောင်ကိုရီးယား ဆမ်ဆောင်ဖုံးကုမ္ပဏီကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က Galaxy Note 7 ရောင်းချမှုကို ရပ်ဆိုင်း ထားခဲ့သလို ရောင်းချပြီးသော ဖုံး ၂.၅သန်းကိုလည်း ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။