ကြံ့ခိုင်ရေးပါတီဝင် ရမည်းသင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်အား ရွေးကောက်ပွဲ ဥပဒေနှင့် မညီသည့်လုပ်ရပ်များရှိခဲ့ကြောင်း ဆုံးဖြတ်ချက်အရ ဥပဒေအရ ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ် လိုက်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက်ရွေးချယ်ခံခဲ့သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်သည် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ ရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိုက်သည့်အတွက် ဥပဒေအရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။
ထုတ်ပယ်လိုက်သည့် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၇၆ ဦး ရှိပြီး၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၄၉ ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၉ ဦး တို့ ပါဝင်ဖွဲ့စည်းထားသည်။