မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ အစ္စလာမ်ဘာသာရေးကျောင်းတခုမှာ ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆရာနှင့် ကျောင်းသား စုစုပေါင်း ၂၅ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
Tahfiz လို့ ခေါ်တဲ့ ဘာသာရေးကျောင်းမှာ ဒေသ စံတော်ချိန် ၅နာရီ မိနစ်၄၀ က လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆရာ ၂ဦးနဲ့ ကျောင်းသား ၂၃ ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့တွေက ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့တွေဟာ လူ ၁၁ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိတဲ့ ၇ဦးကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Tahifz ဘာသာရေးကျောင်းမှာ အသက် ၅နှစ်ကနေ ၁၈နှစ်အတွင်းရှိ ကျောင်းသားတွေ တက်ရောက် သင်ကြားနေတယ်လို့ သိရပါတယ်။