သတင်းတို

တနင်္သာရီတွင် တာကျိုးမည် စိုးရိမ်၍ ရေထိန်းတံခါး ဖွင့်ချ

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီမြို့တွင် မြစ်ရေကြီးမှုကြောင့် တာကျိုးမည် စိုးရိမ်သဖြင့် ရေထိန်းတံခါးကို ယနေ့ ညနေမှ စတင်ကာ ဖွင့်ချလျက် ရှိကြောင်း သိရသည်။

တနင်္သာရီ မြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ၂၆ ပေ ၈ လက်မ အထိ ဖြစ်နေသဖြင့် ရေထိန်းတံခါးကို ကျော်လွန် ရန် ၁ ပေ ကျော်သာ ကျန်တော့သည့် အတွက် ရေအလေးချိန်နှင့် တွန်းအားကြောင့် ရေထိန်းတံခါး ကျိုးမည်ကို စိုးရိမ်ရ ကြောင်း တနင်္သာရီမြို့မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ဧရာဝတီသို့ ပြောသည်။

ဦးရဲမြင့်ဆွေက “ရေအရှိန်နဲ့များ တာကြီးကို ရေအားနဲ့ ထိုးဖြိုလိုက်ရင် ပြိုကျပြီး ရေရုတ်တရတ်ကြီးတာမျိုး ဖြစ်မှာစိုးလို့ ရေ တံခါးကို အသာလေးဟပြီးတော့ ဖြည်းဖြည်းချင်းအ ထဲကို သွင်းမှာပေါ့နော်။ ဆိုလိုချင်တာကတော့ အပြင်ရေနဲ့ အတွင်းရေ အတူတူ ဖြစ်သွားရင် ပြဿနာ မရှိတော့ဘူးပေါ့။ အခုက စိုးရိမ်ထိတ်လန့်မှုတွေ ရှိတယ်ပေါ့”ဟု ပြောဆိုသည်။

တနင်္သာရီမြို့သည် ဇူလိုင်လ ၁၄ ရက်မှ စတင်ကာ ရေကြီးမှုများ ဖြစ်ခဲ့ပြီး ယခုရက်ပိုင်းတွင် ရေဝင်ရောက်မှုမှာ တတိယ အကြိမ် ရေပြန်လည် တက်ခြင်း ဖြစ်သည်။

ဒေသခံ ဖြစ်သည့် တနင်္သာရီ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း ကလည်း“မြို့ရိုးပြိုပြီး ရေတွေဒလကြမ်း ဝင်လာမှာ စိုးလို့ ရေထိန်းတံခါးကို ဖွင့်လိုက်ရတာ။ အများဆုံး ၅ ပေလောက် ထပ်မြင့်မယ်လို့ ကြေညာထားပါတယ်”ဟု ပြောသည်။

တနင်္သာရီမြို့တွင် ၁ လကျော်ကာလ အတွင်း သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ တတိယ အကြိမ် ရေကြီးခဲ့ခြင်း ဖြစ် သည်။

ထိုသို့ ရေထိန်း တံခါးဖွင့်ချလိုက်သည့် အတွက် မြို့တွင်းတွင် ရေအမြင့်ပေ ထပ်မံ တက်လာမည် ဖြစ်သော်လည်း ရေနစ် မြှုပ်နိုင်သည့် အိမ်ခြေနည်းပါးကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ရေဘေးသင့် လူဦးရေ ၂၄၁၉၈ ဦး ရှိပြီး ရေဘေးသင့်၍ ပြောင်းရွှေ့ရသည့် လူဦးရေ ၆၇၆၂ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading