ဧရာဝတီ ၊ အောက်တိုဘာ ၂၁ ၊ ၂၀၁၉
ဂျပန်နိုင်ငံရဲ့ နန်းတတ်ပွဲကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်တိုင်းရင်းသား တွေအပြင် ကချင် ၊ ရှမ်းနဲ့ မွန်လူမျိုး စတဲ့ တိုင်းရင်းသားတွေက ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လွတ်လပ်စွာ စားနပ်ရိက္ခာထောက်ပ့ံရေးများလုပ်ဆောင်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ် ။
အဲဒီ ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို တိုင်းရင်းသား (၉၀)ကျော်ကပါဝင်ခဲ့ကြပြီး ဂျပန်နိုင်ငံရဲ့ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဆန္ဒထုတ်ဖော်မှုအပေါ် ကောင်းမွန်တဲ့ တုံ့ပြန်ပေးနိုင်ဖို့မှျော်လင့်နေတယ်လို့ သိရပါတယ် ။
ရိုက်ကူး – မြတ်သော်ခိုင်
တည်းဖြတ် – ဝေနှင်းထွဋ်