COVID ကာလမှာ အပြင်မထွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ အခုဆိုရင် ရက်သတ္တပတ် ၂ ပတ်နီးပါးရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လူစုလူဝေးတွေ မဖြစ်စေဖို့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေက ကုန်တိုက်ကြီးတွေ၊ ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ထားဆဲပါ။
ဒါပေမဲ့ နေ့စဉ် စားရေးသောက်ရေးအတွက် မသွားမဖြစ်သွားရတဲ့နေရာကတော့ ဈေးဖြစ်ပါတယ်။ ဒါကြောင့် လူအများလာရောက်ကြရာ ဈေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုမဖြစ်စေဖို့ ဆိုင်ခင်းရောင်းချမှုပုံစံကို ကျန်းမာရေးနဲ့အညီ အသွင်ပြောင်းလဲ ရောင်းချလာကြပါတယ်။
အထူးသဖြင့် နယ်မြို့တွေ၊ ကျေးလက်ဒေသတွေမှာ ပြောင်းလဲလုပ်ဆောင်နေကြတာဖြစ်ပြီး မြို့ကြီးတွေမှာတော့ ဒီလိုဈေးခင်းရောင်းချတာ မတွေ့ရသလောက်ပါပဲ။
အခုမြင်တွေ့ရတဲ့ဈေးတွေကတော့ အသွင်ပြောင်းလဲထားတဲ့ နယ်မြို့ဈေးတချို့ဖြစ်ပြီး ဓာတ်ပုံတွေကို လူမှုကွန်ရက် Facebook စာမျက်နှာက ရယူစုစည်းဖော်ပြထားတာဖြစ်ပါတယ်။
တည်းဖြတ် – ဇော်နောင်လင်း