သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လူချင်းတွေ့၍ ညွန်ကြားချက်တောင်းယူရန်အတွက် အမှုလိုက်ရှေ့နေက ယနေ့ ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရပြီးသည့်အချိန်မှစ၍ ယနေ့အထိ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရှေ့နေများ လူချင်း တွေ့ခွင့်မရသေးဘဲ မတ်လ ၃၁ရက်က ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗွီဒီယိုကွန်ဖရန်းဇင်းဖြင့် ပထမအကြိမ် စတင်
တွေ့ခွင့်ရခဲ့သည်။
ယနေ့ ဧပြီလ ၁ရက်နေ့ ရုံးချိန်းတွင် သမ္မတဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဗွီဒီယိုကွန်ဖရန်းဇင်းမှတဆင့် တွေ့ခွင့်ရခဲ့ပြီး အခြား ကျန်ရှိ ရှေ့နေများကိုလည်း ကိုယ်စားလှယ်လွှဲစာရရှိရေး ဆောင်ရွက်ခဲ့
ကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ
————————–
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်