လာမယ့် မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Better the balance, better the world ဖြစ်ပါတယ်။ ယင်းနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးက ယနေ့ မတ်လ ၆ ရက်နေ့ကနေ မတ်လ ၉ ရက်နေ့အထိ လှုပ်ရှားမှုများ၊ ပွဲများ၊ စကားဝိုင်းများ လုပ်ဆောင်ကြမယ်လို့ သိရပါတယ်။
ယနေ့ မတ်လ ၆ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ Melia Hotel မှာ “Women Contributing to peace,” ဆိုတဲ့ခေါင်းစဉ်နဲ့ ပွဲတခု ပြုလုပ်ဖို့ရှိပါတယ်။ အဲဒီပွဲမှာ ငြိမ်းချမ်းရေးမှာ ပါဝင်ပံ့ပိုးနေတဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အကျပ်အတည်း စတာတွေ ပါဝင်မှာဖြစ်ပါတယ်။ ပွဲကိုတော့ U.S Agenvy for international Development (USAID) နဲ့ Nonviolent Peaceforce ကနေ လုပ်ဆောင်တာဖြစ်ပါတယ်။
“Women & Digital Startups”ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းကိုတော့ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီထိ ပြုလုပ်မယ်လို့သိရပါတယ်။ အဲဒီပွဲမှာ အမျိုးသမီး Tech Startup Founder များဖြစ်တဲ့ ဖန်တီးရာမှ Senior Accelerator Associate ဖြစ်တဲ့ မစုမြတ်ထက်၊ MMTutors တည်ထောင်သူ မဖူးပွင့်အိမ်၊ HydroPlan တည်ထောင်သူ မပွင့်ပွင့်စံတို့က အောင်မြင်တဲ့ ဒစ်ဂျစ်တယ် စီးပွားရေးုလုပ်ငန်းအတွက် စိတ်ကူးအမြင် ယူဆချက်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို မ ျှဝေဆွေးနွေးကြမယ်လို့သိရပါတယ်။
“အမျိုးသမီး အခွင့်အရေးကို သင်ဘယ်လိုနားလည် လက်ခံထားပါသလဲ” ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ပြပွဲ နဲ့ ဆွေးနွေးပွဲကိုတော့ မတ်လ ၇ ရက်နေ့ ည ၇ နာရီမှ ၈ နာရီ ၄၅မိနစ်ထိ ရန်ကုန်မြို့ GOTHE Institiute မှာ ပြုလုပ်ဖို့ရှိပါတယ်။ အဲဒီ ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်၊ ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူရေး မဟာမိတ်အဖွဲ့ အကြံပေး ဒေါ်နန်းဖြူဖြူလင်း၊ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဦးမင်းမင်းဟိန်း၊ ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်း ကျားမရေးရာ စီမံကိန်းမန်နေဂျာ ဒေါ်အေးလဲ့ထွန်းနဲ့ ကုလသမဂ္ဂလူဦးရေ ရံပုံငွေ အဖွ့ဲ အရေးပေါ်အခြေအနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်း အရာရှိ ဒေါက်တာ ကျော်ဝေအောင်တို့က ပါဝင်ဆွေးနွေးကြမယ် လို့ သိရပါတယ်။
အဲဒီပွဲမှာပြသမယ့် မှတ်တမ်းရုပ်ရှင်က မြန်မာနိုင်ငံ အနှံ့အပြား က လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုများ၊ လူတန်းစားအလွှာအစုံမှ အမျိုးသမီးများနဲ့ အမျိုးသားတွေရဲ့ စံသတ်မှတ်ချက် အတွေ့အကြုံနဲ့ ဆန္ဒတွေကို စူးစမ်းလေ့လာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း၊ ကျားမ ရေးရာ တန်းတူညီမ ျှရေးမှာ မိမိရဲ့ပင်ကိုယ်တန်ဖိုးထားမှု နဲ့ တင်ကူးမှန်းဆချက်တွေကို ဆန်းစစ်လေ့လာကြဖို့ အားပေးတဲ့ ရုပ်ရှင်ဖြစ်ကြောင်း သိရပါတယ်။
ပါဝင်ဆွေးနွေးမယ့် ဒေါ်နန်းဖြူဖြူလင်းက ” အဓိကကတော့ ယောင်္ကျားလေးက ဒီလိုနေရမယ်၊ မိန်းကလေးက ဒီလိုနေရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေက ဝန်ထုပ်ဝန်ပိုးတွေဖြစ်စေတယ်။ အဲဒီစံသတ်မှတ်ချက်တွေက လူတွေရဲ့ နေ့စဉ်ကျင့်သုံးမှုတွေတင်မကဘဲ နောက်ဆုံး လူမှုစံနှုန်းနဲ့ တရားဥပဒေမှာပါ လွှမ်းမိုးမှုတွေသွားဖြစ်တယ်။ မညီမ ျှမှုတွေက လူ့အခွင့်အရေးကို ထိခိုက်တာတွေဖြစ်တယ်။ အယူအဆ အစွဲတွေက ဥပဒေမှာပါ သွားပြီး ထင်ဟပ်တယ်။ အဲဒါတွေကို ဇောင်းပေးပြီး ပြောဖြစ်မယ်” လို့ ဧရာဝတီ ကို ပြောပါတယ်။
ပြင်သစ်ယဉ်ကျေးမှုဌာနမှာပဲ မတ်လ ၅ ရက်နေ့ကနေ စတင်ပြုလုပ်နေတဲ့ လူငယ်အနုပညာရှင် ခြူးဝေငြိမ်းရဲ့ Women, We men ပြပွဲလည်း ရှိပါတယ်။ မတ်လ ၁၂ ရက်နေ့ ထိ မနက် ၈ နာရီကနေ ည ၈ နာရီအထိ ပြသမှာဖြစ်ပြီး ဝင်ကြေးအခမဲ့လို့သိရပါတယ်။ အဲဒီပွဲဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးများနှင့် အမျိုးသမီး အခွင့်အရေးများအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပြီး အနုပညာပြပွဲ၊ မှတ်တမ်းရုပ်သံနှင့် ရုပ်ရှင်ပြသမှုများ၊ စကားစစ်ထိုးပွဲများ ပါဝင်မယ်လို့ သိရပါတယ်။
မတ်လ ၈ ရက်နေ့မှာတော့ WLB နဲ့ နိုင်ကျဉ်း အမျိုးသမီး ဘောလုံးအသင်းတို့ ရန်ကုန်ယူနိုက်တက် ဖူဆယ်ကွင်းမှာ နေ့လည် ၃ နာရီကနေ ၅ နာရီအထိ ချစ်ကြည်ရေးဘောလုံးပွဲ ကစားဖို့ရှိပါတယ်။
ရန်ကုန်မြို့ ၊ အလုံမြို့နယ် သခင်မြပန်းခြံမှာလည်း မတ်လ ၈ ရက်နေ့မှာ “မ ျှခြေတူစေ… ကမ္ဘာမြေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပွဲပြုလုပ်ဖို့ရှိပါတယ်။ အဲဒီပွဲမှာ ဆရာမသန်းမြင့်အောင်၊ ဆရာညီပုလေး၊ ဆရာမဂျူး၊ တေးသံရှင်များဖြစ်တဲ့ တေးရေးတေးဆိုမွန်းအောင်၊ ခင်စုစုနိုင်တို့လည်း ပါဝင်မယ်လို့ိရပါတယ်။ အချိန်ကတော့ ညနေ ၄ နာရီကနေ ၆ နာရီ ၃၀ မိနစ် အထိ ဖြစ်ပါတယ်။
Gender Equality Network ကလည်း ရန်ကုန်မြို့ မဟာဗနုလ ပန်းခြံမှာ လာမယ့် မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီကနေ ၆ နာရီ ၃၀ မိနစ်အထိ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားမှာ Champion For Gender Equality Award ကို ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။