“Colgate သွားတိုက်ဆေး” ရဲ့ ငွေကျပ်သိန်း ၅၄၀ တန်ဖိုးရှိတဲ့ “Colgate ပညာသင်ဆု အစီအစဉ်” ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စတင်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ Colgate Scholarship Program Campaign သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
Colgate Scholarship Program ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အထိ ပြုလုပ် သွားမှာဖြစ်ပြီး Colgate အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုများနဲ့ ကလေးငယ်များရဲ့ ပညာရေး မျှော်မှန်းချက်များကို အထောက်အကူ ပြုစေနိုင်ရန် အကူအညီပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကို ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
“Colgate အနေနဲ့ မြန်မာနိုင်ငံမှာ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုရှိတဲ့အပြင် မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ပညာရေးကို အကောင်းဆုံး ထောက်ပံ့ပေး ချင်တဲ့ မိခင်တွေကို တတ်နိုင်သမျှ အကူအညီပေးသွားဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်” လို့ Colgate အင်ဒိုချိုင်းနားရဲ့ အထွေထွေမန်နေဂျာ Mr.Kunal Chadha က ပြောပါတယ်။
Colgate က အရောင်းမြှင့် ထုတ်လုပ်လိုက်တဲ့ (၇၀) ဂရမ်၊ (၁၄၀) ဂရမ် သွားတိုက်ဆေးဘူးများရဲ့ သွားတိုက်ဆေး (၁)ဘူးဆီမှာ ခဲခြစ်ကတ်ပြား (၁) ပြား ပါဝင်မှာဖြစ်ပြီး ပါဝင်တဲ့ ခဲခြစ်ကိုခြစ်ပြီး ပညာသင်ဆုများကို ရရှိနိုင်မှာလို့ သိရပါတယ်။ ခဲခြစ်ကတ်ပြားကိုခြစ်ပြီး ပညာသင်ဆုရရှိပါက ဖုန်းနံပတ် (၀၉-၂၆ ၂၆ ၁၉၀၉၅) ကို ဆက်သွယ်အကြာင်းကြားပြီး ပညာသင်ဆု ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ Colgate ရဲ့ Scholarship Program က ကမ္ဘာတဝှမ်းရှိ အမှန်တကယ် လိုအပ်နေတဲ့ ကလေးငယ်များအတွက် လုပ်ဆောင်ပေးမှု အစီအစဉ်များရဲ့ တစိတ်တဒေသဖြစ်ပြီး ကလေးများအတွက် နှစ်စဉ်လုပ်ဆောင်ပေးလျက်ရှိတဲ့ “သွားနှင့်ခံတွင်း ကျန်းမာရေးလ” နဲ့ “တောက်ပသောအပြုံး တောက်ပသော အနာဂတ်များ” အစီအစဉ်များမှတဆင့် ယခုလက်ရှိအချိန်အထိ ကလေးငယ်ပေါင်း သန်း (၈၀၀) ကျော်ကို အကူအညီပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။
Colgate ပညာသင်ဆု အစီအစဉ်မှ ပညာသင်ဆု ဆွတ်ခူးရရှိသူများကို ပညာသင်ဆု အစီအစဉ် ကာလတလျှောက် ကြေညာပေးသွားမှာဖြစ်ပြီး ပထမဆု ရရှိသူများကို ပညာသင်ဆု အစီအစဉ် ပြီးဆုံးခြင်း အခမ်းအနားမှာ ဆုချီးမြှင့် ပေးသွားမှာဖြစ်ကာ ဒုတိယဆု ရရှိသူများကိုတော့ ပညာသင်ဆု အစီစဉ်ပြီးဆုံးချိန် မတ်လ ၁၅ ရက်မှာ ဆုများ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Colgate Palmolive ကုမ္ပဏီက လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျှက်ရှိတဲ့ ကမ္ဘာထိပ်တန်း ကုမ္ပဏီတခုဖြစ်ပြီး သွားနှင့်ခံတွင်း ကျန်းမာရေး၊ တကိုယ်ရည် ကျန်းမာရေး၊ မိသားစု ကျန်းမာရေးနှင့် အိမ်မွေးတိရစ္ဆာန် အာဟာရ ဖွံ့ဖြိုးရေးတို့မှာ အဓိကထား လုပ်ဆောက်လျှက်ရှိပြီး Colgate Palmolive ရဲ့ ထုတ်ကုန်များကို ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း (၂၀၀) ကျော်တို့မှာ ဖြန့်ဖြူး ရောင်းချလျက် ရှိတယ်လို့ သိရပါတယ်။