လူရဲ့ပုံပန်း အိုစာလာတာက နှလုံးအတွက်လည်း အန္တရာယ်ရှိနေပြီဆိုတဲ့ လက္ခဏာလို့ ဆိုကြပါတယ်။ နောက်ဆုံး သုတေသန ပြုထားတာတွေအရ အသက်ကြီးလာပြီး အိုစာတဲ့ လက္ခဏာတွေပြတာက အသက်နဲ့ ယှဉ်ရင် ရုပ်နုပျိုသူတွေထက် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်လာဖို့အခွင့်အလမ်းများတယ်လို့ တွေ့ရှိကြပါတယ်။
ရင့်ရော်အိုမင်းတယ်လို့ ဆိုရာမှာ အဓိက လက္ခဏာ ၃ ခုကို ပြောကြပါတယ်။
(၁) နားထင်ဆံစပ်မှာ ဆံပင်တွေ ပါးလာတာ
(၂) ငယ်ထိပ်မှာ ထိပ်ပြောင်လာတာ
(၃) မျက်လုံးတဝိုက်မှာ အဆီတွေ တွဲကျလာတာ
ဒီလက္ခဏာတွေက အသက်အရွယ် အစစ်အမှန် မဟုတ်ဘဲ ဇီဝသက်တမ်းလို့ ခေါ်ကြပါတယ်။ ဒါကြောင့် ကျန်းမာရေး စစ်ဆေးတဲ့အခါ ဒီလက္ခဏာတွေကို ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။
အထူးသဖြင့်တော့ မျက်စိနားတဝိုက် မျက်ခွံတွေ အဆီထူ တွဲကျနေတာက နှလုံးရောဂါတွေနဲ့ နှလုံးတိုက်ခိုက်ခံရဖို့ သေချာတဲ့ လက္ခဏာလို့ ဆိုတာကို ဂရုပြုစေချင်ပါတယ်။