လိုအပ်နေတဲ့နေရာများဆီကို လှူဒါန်းမှုများ ထိထိရောက်ရောက်ပြုလုပ်နေပြီး ၂၀၁၀ ခုနှစ်လောက်ကတည်း က သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တည်ထောင်ဖွဲ့စည်းလာခဲ့တဲ့ မေတ္တာသင်္ဂဟ ပရဟိတအသင်းကို မန္တလေးမှာလည်း ထပ်မံဖွဲ့စည်းလိုက်ပါပြီ။
“မန္တလေးမှာထပ်ပြီး ဖွဲ့စည်းဖြစ်တာက မန္တလေးက မိတ်ဆွေတွေက မန္တလေးမှာလည်း သူတို့ ပရဟိတကို တက်တက်ကြွကြွနဲ့ လုပ်ချင်တယ်။ တကယ့်ကို စေတနာနဲ့တက်တက်ကြွကြွနဲ့ သဒ္ဓါတရား ထက်သန်တဲ့ သူတွေပါ။
သူတို့က မေတ္တာသင်္ဂဟဆိုတဲ့ နာမည်နဲ့ပဲလုပ်ချင်တယ်ဆိုတာနဲ့ မန္တလေး မေတ္တာသင်္ဂဟ ဆိုတာ ကို ဖွဲ့ပေးလိုက်တာပါ။ မန္တလေးမှာကလည်း ဒီအဖွဲ့ကို ဦးဆောင်တဲ့သူ ရှိပါတယ်။ ကျနော်ကစပြီး ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့သူဆိုတော့ အဲဒီဘက်ကိုလည်း နာမည်လေးနဲ့ခွဲပြီး ပေးလိုက်တဲ့သဘောပါ” မန္တလေးမှာ ထပ်မံ ဖွဲ့စည်းဖြစ်ပုံနဲ့ပတ်သက်လို့ သရုပ်ဆောင် ခန့်စည်သူက ဆိုပါတယ်။
မေတ္တာသင်္ဂဟ အဖွဲ့ဟာ လတစ်လလျှင် အရေးပေါ် အကူအညီ လိုအပ်နေသူများ ဒါမှမဟုတ် နေရာတနေ ရာကို ရွေးချယ်ပြီး သွားရောက်လှူဒါန်းနေတဲ့ ပရဟိတ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
ရန်ကုန်မေတ္တာသင်္ဂဟ အဖွဲ့အနေနဲ့ ယခင်က လှူဒါန်းမှုများကို လစဉ်လတိုင်းလုပ်ဖြစ်နေပြီး ယခုချိန်မှာ ပါဝင်လာကြတဲ့ အလှူရှင်အများစုမှာ အနုပညာရှင်များဖြစ်လို့ မအားလပ်ကြတဲ့အတွက် လတိုင်းပုံမှန် မလုပ်ဖြစ်တော့ဘဲ အလျဉ်းသင့်သလို လုပ်ဖြစ်နေကြောင်း သိရပါတယ်။
ပရဟိတလုပ်ငန်းတွေနဲ့ အနုပညာလုပ်ငန်းတွေကြားမှာ အလုပ်တွေများနေတဲ့ ခန့်စည်သူအနေနဲ့ အိမ်ထောင်ပြုဖို့အတွက် ဖူးစာပါလာမှ ဖြစ်မှာဖြစ်ကြောင်းနဲ့ လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးကြောင်း သိရပါတယ်။