မြန်မာ နိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၆ ခုနှင့် ပတ်သက်ပြီး တားမြစ်ချက်များကို အစိုးရက ထုတ်ပြန်လိုက်သည်။ ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေဖြင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ကို ရှေးဟောင်း နေရာ တည်ရှိရာဇုန် (AZ)၊ ကာကွယ် ထိန်းသိမ်းထားသောဇုန် (PZ)၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်(MZ) များ အဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းဇုန်နယ်မြေများအတွင်း လူနေအိမ်ဆောက်လုပ်ခြင်း အပါအဝင် အမွေအနှစ်များ ပျက် စီးစေ မည့် ဆောင်ရွက်ချက်များ မပြုလုပ်ရန်နှင့် ပြုလုပ်မည် ဆိုပါက ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။