Ethnic Issues

ရခိုင် ပဋိပက္ခ ရေးသားသည့် Reuters သတင်းထောက်များ ပူလစ်ဇာဆုရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာ ( ဘင်္ဂါလီ) မွတ်စလင် လူနည်းစုတွေအကြောင်း သတင်း ရေးသားတင်ပြခဲ့တဲ့ Reuters သတင်းဌာနမှ Jason Szep နဲ့ Andrew R.C. Marshall တို့နှစ်ဦးကို ၂၀၁၄ ခုနှစ်အတွက် ပူလစ်ဇာဆု ချီးမြှင့် လိုက်ပါတယ်။

သူတို့ နှစ်ဦးရဲ့ သတင်းတွေဟာ မြန်မာနိုင်ငံမှာဆိုရင် အကျဉ်းကျနိုင်တဲ့ ရေးသားတင်ပြချက်တွေဖြစ်ပြီး၊  သတင်းပို့မှု တွေဟာလည်း ထူးချွန်ပြတ်သားရဲရင့်မှုတွေ ရှိတဲ့အတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ဆိုပါတယ်။

အဆိုပါ ပူလစ်ဇာ ဆုရှင် သတင်းထောက် နှစ်ဦးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ( ဘင်္ဂါလီ) လူနည်းစု မွတ်စလင်တွေရဲ့ ၂ နှစ် တာ ကာလအတွင်း ဖြစ်ပျက်ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို အသေးစိပ်သတင်း ရေးသား တင်ပြခဲ့ကြသူတွေ ဖြစ်တယ်လို့ Reuters သတင်းဌာနကလည်း ဆိုပါတယ်။

သူတို့ နှစ်ဦးဟာ ရခိုင်ပြည်နယ်က အခင်းဖြစ်တဲ့နေရာတွေကို ကိုယ်တိုင်သွားရောက်ကာ အဖြစ်အပျက်အခြေအနေ တွေ၊ နောက်ဆက်တွဲ ရိုဟင်ဂျာ ( ဘင်္ဂါလီ) လှေစီး ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ ဖန်င ဒေသကို ရောက် လာ ခဲ့ပြီး၊ ထိုင်းနိုင်ငံက တဆင့် မလေးရှားနိုင်ငံကို ဆက်လက်ထွက်ခွာဖို့ ခရီးစဉ်တွေ၊ လူမှောင်ခို ကွန်ရက်ကြီးထဲမှာ ဓားစာခံ တွေအဖြစ် ရောက်ခဲ့ရတာ တွေကိုလည်း ရေးသားပေးပို့ ခဲ့ကြတာပါ။

ဘင်္ဂါလီလှေစီးသူတွေနဲ့ ပတ်သက်တဲ့ လူမှောင်ခို ကွန်ရက်ကြီးထဲက ပွဲစားတွေ၊ အေဂျင့်တွေ ဟာ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်မှုတွေ၊ ငွေအမြောက်အများ ရယူပြီး မလေးရှားနိုင်ငံကို တရားမဝင် သွင်းဖို့ လုပ်ဆောင်တာတွေ ကို အသေး စိပ်ရေးသားသတင်းပို့ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့ သတင်းပို့ချက်တွေကြောင့် ရိုဟင်ဂျာ ကိစ္စ လူမှောင်ခို ကွန်ရက်နဲ့ ဆက်နွယ်တယ်လို့ ချိတ်ဆက်ပြခံ ထားရတဲ့ ထိုင်းစစ်တပ်နဲ့ အခြား အဖွဲ့အစည်းရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း သတင်းဌာနအနေနဲ့ အဆက်မပြတ် ရင် ဆိုင်ခဲ့ရတယ်လို့ ဂုဏ်ပြုပွဲမှာ ဝါရင့်သတင်းထောက်တွေက ပြောဆိုကြပါတယ်။

တဖက်ကလည်း အခု ပူလစ်ဇာဆုရသွားသူတွေရဲ့ စုံစမ်းထောက်လှမ်းသတင်းပို့ချက်တွေဟာ အလွယ်တကူ သတင်း တင်ပြနိုင်ခဲ့တာ မဟုတ်ပါဘူး၊ သတင်းဌာန၊ သတင်းအတည်ပြုချက်ရရေးကြိုးစားရမှု၊ နောက်ပြီး အခြား အခက်အခဲ တွေလည်း ရင်ဆိုင်ခဲ့ကြရ တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်အတွက် လူထုဝန်ဆောင်မှု အထူးပူလစ်ဇာဆုကိုတော့ အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ်နဲ့ ဗြိတိန်အခြေ စိုက် ဂါးဒီးယန်းသတင်းစာတို့က ရွှေတံဆိပ်ကို ပူးတွဲ ရရှိသွားကြပါတယ်။

ပူလစ်ဇာ ဆုဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာတလွှားမှာ ထိပ်တန်း ဆုကြီး တဆုဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်က ဂျိုးဇက် ပူလစ်ဇာ ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၁၇ ခုနှစ်ကတည်းက နှစ်စဉ် ဆုတွေချီးမြှင့်လာ ခဲ့တာပါ။

ဆုအမျိုးအစားပေါင်း ၂၀ ရှိပြီး ဆုတခုမှာ အမေရိကန်ဒေါ်လာ ၁ သောင်းလည်း ဆုကြေးအဖြစ် ချီး မြှင့်ပါတယ်။

ကမ္ဘာတလွှားသတင်းတွေအနေနဲ့ ပူလစ်ဇာဆုရရှိရင် အလွန်ဂုဏ်ယူ ဝမ်းမြောက်ကြပြီး၊ ထင်ရှားတဲ့ သတင်းသမား အဖြစ် လည်း နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက အသိအမှတ်ပြု လေးစား တန်ဘိုးထားကြတယ်လို့ နိုင်ငံတကာ သတင်းသမားတွေက ဆိုကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading