မြန်မာ- တရုတ် နယ်ခြားဒေသတည်ငြိမ်ရေး နှစ်ဖက်နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲကို ယမန်နေ့နံနက် က ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ပြုလုပ်ရာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးတင်ဦး လွင်နှင့် ဒု ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် တက်ရောက်ကာ နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည်များ အမြန်ဆုံးပြန်လာရေး ဆွေးနွေးသည်ဟု အစိုးရသတင်းစာကဖော်ပြသည်၊ ပြီးခဲ့သည့် ရက်ပိုင်းက မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အတွင်း တံတားဆောက်လုပ်ရန်ဆိုကာ တရုတ်ဘက်မှ တရားဝင်အသိပေးခြင်းမရှိပဲ မြေတိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။