ထိုင်းနိုင်ငံ သကြားလုပ်ငန်းသည် တင်ပို့မှုကျဆင်းခြင်းနှင့် ဈေးနှုန်း ကျဆင်းခြင်း အကျပ်အတည်း နှစ်ခုကို ရင်ဆိုင်နေရကြောင်း ထိုလုပ်ငန်းမှ ကျွမ်းကျင်သူများကို ကိုးကား၍ The Nation သတင်းက ဆိုသည်။
ထိုင်းသကြားလုပ်ငန်းသို့ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ကမ္ဘာ့သကြားဈေးကွက်တွင် ဈေးနှုန်းများ မှာ ခြောက်နှစ်အတွင်း အနိမ့်ဆုံးအဖြစ် တပေါင်လျှင် ၁၀ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းနေ ခြင်းဖြစ်သည်။
ကမ္ဘာ့သကြား သိုလှောင်မှုမှာ ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ စက်တင်ဘာအထိ) တန်ချိန် ၇၈.၁၉ သန်း ရှိနေပြီး၊ ကမ္ဘာ့သကြား ထုတ်လုပ်မှုမှာ တန် ၁၈၁.၄၈ သန်းအထိ ရှိကာ စားသုံးမှုမှာ တန်ချိန် ၁၈၆.၄၅ သန်းတန်သာ ရှိနေသည်ဟု FO Licht အမည်ရှိ စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်ရေး လုပ်ငန်းက စက်တင်ဘာလ ၁၉ ရက်နေ့တွင် အစီရင်ခံခဲ့သည်။
ကမ္ဘာ့အရန်သကြား ပမာဏသည် တန်ချိန် ၇၂.၆၇ သန်း သို့မဟုတ် ကမ္ဘာ့စားသုံးမှု၏ ၃၈.၉၇ ရာခိုင် နှုန်းသို့ ၂၀၁၉ ခုနှစ်ကုန်တွင် ကျဆင်းသွားမည်ဟု ထိုအစီရင်ခံစာက ကြိုတင် ခန့်မှန်းထား သည်။
ကမ္ဘာ့အရန် သကြားပမာဏ ကြီးမားခြင်းကြောင့် သကြားဈေးနှုန်းများသည် နာလန်ထမည့် အလားအလာမရှိဘဲ ဆက်တိုက် ကျဆင်းစေသည်ဟု ဆိုသည်။
လုပ်ငန်း ဆောင်ရွက်မှု အလေ့အထအရ အစိုးရိမ်ရဆုံးနိုင်ငံမှာ သကြားအရန်တန်ချိန် ၁၅ သန်း ရှိနေပြီး အစိုးရက တန်ချိန် ၆ သန်း တင်ပို့ရန် အားပေးနိုင်သော အိန္ဒိယနိုင်ငံဖြစ်သည်။
သကြားပိုမိုတင်ပို့ရန် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ချက်ကြောင့် သကြားဈေးနှုန်းများ ကျဆင်းရသည်ဟု တချို့သော နိုင်ငံများက မြင်ကြသည်။
၂၀၁၈ ခုနှစ်က ပထမပိုင်း ရှစ်လတာ ကာလအတွင်း ထိုင်းနိုင်ငံ၏ သကြားတင်ပို့မှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၇.၂၁၂ သန်းမှ တန်ချိန် ၆.၀၆၇ သန်းသို့ ကျဆင်းသွားသည်။
အဓိကဖောက်သည်များတွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ ထိုင်ဝမ်နှင့် မြန်မာတို့ပါဝင်ပြီး ၎င်းတို့ကလည်း သကြားတင်သွင်းမှု လျှော့ချထားသည်။
ကမ္ဘာ့သကြားဈေး ကျဆင်းခြင်းအပြင် ထိုင်းသကြားလုပ်ငန်းအတွက် တခြား ပူပန်စရာအချက် တခုမှာ ဘတ်ငွေ တန်ဖိုး တက်လာခြင်းဖြစ်ကြောင်း Karpolpalit Namtarn Co Ltd မှ ဒါရိုက်တာ ပီရွမ်ဆက် ဆိုင်ဆွန်နီက ပြောသည်။
“အမေရိကန် ၁ ဒေါ်လာကို ဘတ် ၃၀.၅၀ ထက် ပိုပြီး မာလာရင် ထိုင်းသကြားလုပ်ငန်းဟာ အဓိကပြိုင်ဖက်ဖြစ်တဲ့ ဘရာဇီးဆီကို ဖောက်သည်တွေ ဆုံးရှုံးကုန်လိမ့်မယ်။ ဘရာဇီးငွေကြေး ရီရယ်က အားနည်းနေလို့ သကြား တင်ပို့တဲ့ လုပ်ငန်းကို အရမ်း အထောက်အကူပြုနေတယ်” ဟု သူက ပြောသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဒေါ်အောင်ဆန်းစုကြည်ထံ ရောက်လာတော့မည့် သကြားဈေးကွက် ပြဿနာ
ပြည်တွင်း၌ သကြား တန် ၁ သိန်းခွဲကျော် ပိတ်မိနေ၍ သကြားဈေးကျဟုဆို