• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ဈေးချိုပြီး ဘက်ထရီပိုင်း အထူးကောင်းမွန်တဲ့ Acer Swift 1 Laptop

by သက်နိုင်ဦး (UCSL)
12 November 2017
in IT
A A
ဈေးချိုပြီး ဘက်ထရီပိုင်း အထူးကောင်းမွန်တဲ့ Acer Swift 1 Laptop
8.3k
VIEWS
Share on FacebookShare on Twitter

Acer Swift 1 က Acer ရဲ့ အသစ်ထုတ်လာတဲ့ Laptop မော်ဒယ် ဖြစ်ပြီး CNET လို သုံးသပ်သူတွေကတောင် ရမှတ် ၁၀ မှတ် အတွက် ၇ ဒသမ ၈ မှတ် ပေးထားတာ တွေ့ရပါတယ်။ ဒီဇိုင်း၊ အသုံးပြုနိုင်မှုနဲ့ ဘက်ထရီတွေမှာ ၈ မှတ်နဲ့ စွမ်းဆောင်ရည်မှာ ၇ မှတ်ရထားပါတယ်။ မော်ဒယ်ရဲ့ သဘောကျစရာ ကောင်းတဲ့ အချက်တွေက ပါးလွှာတယ်၊ ပေါ့ပါးတယ်၊ ဈေးနှုန်း ချိုသာတယ်၊ ဖန်တီးမှု အားကောင်း တယ်၊ ပြိုင်ဘက် ဈေးနှုန်းတူ မော်ဒယ်တွေထက် သဘောကျစရာ ကောင်းပါတယ်။ အထူးသဖြင့်တော့ ဘက်ထရီ သက်တမ်းက ၉ နာရီကျော်ထိ သုံးနိုင်ပြီး တန်းတူ မော်ဒယ်တွေထက် ပိုမို သာလွန်ကောင်းမွန်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ သိပ်ပြီး စိတ်ကြိုက် မဖြစ်လှပါဘဲ အခြေခံသုံး လောက်ပဲ ကောင်းပြီး Graphic များတဲ့ အလုပ်တွေ၊ Programming ကြီးတဲ့ အပိုင်းတွေ ဆိုရင် အဆင်ပြေဖို့ မလွယ်ပါ။ ပြီးတော့ Storage ပိုင်းက အားနည်းတယ်၊ နောက်ထပ် External ထပ်စိုက်ပြီး သုံးမှ အဆင်ပြေပါလိမ့်မယ်။

RelatedPosts

မဟာ အလက်ဇန္ဒား (၂)

မဟာ အလက်ဇန္ဒား (၂)

25 May 2025
176
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
284
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
350

ဒါပေမယ့် ဈေးနှုန်းချိုတဲ့၊ ဘက်ထရီ သက်တမ်းကြာကြာ သုံးနိုင်မယ့် မော်ဒယ် ရှာနေသူတွေ အတွက်တော့ အဆင်ပြေမှာပါ။ ဈေးနှုန်းက ဒေါ်လာ ၃၂၉ (ကျပ် – ၄၄၆၄၅၃ ခန့်) နဲ့ ရနိုင်ပါတယ်။ ၁၃ ဒသမ ၃ လက်မ အရွယ် မျက်နှာပြင်စနစ်နဲ့ မော်ဒယ်ပါ။ အထူက သုည ဒသမ ၇ လက်မပဲ ရှိပါတယ်။ အလေးချိန် ၁ ဒသမ ၃ ကီလို လေးပါတယ်။ အထူးသဖြင့်တော့ မျက်နှာပြင်စနစ်က Full HD ရုပ်ထွက်ကို ပြသပေးနိုင်မယ့် IPS စနစ်သုံးနဲ့ ဖြစ်ပါတယ်။ ဒီစနစ်က ဘက်ထရီစား သက်သာလို့ မော်ဒယ်က အချိန် ၉ နာရီကျော် သုံးနိုင်စေ တာ ဖြစ်ပါတယ်။

CPU က 1.1 GHz မြန်နှုန်း ရှိတဲ့ Intel Pentium N4200 ကို သုံးထားပါတယ်။ RAM က 4GB ပါ။ Graphics ပိုင်းမှာက HD Graphics 505 ကို သုံးထားပေမယ့် 128 MB ပဲ ရှိပါတယ်။ Storage ကတော့ အထက်မှာ ပြောခဲ့သလို အားနည်းပြီး 64 GB ပဲ ပါ ပါတယ်။ Bluetooth ချိတ်ဆက် သုံးနိုင်မယ်။ OS စနစ်က Win 10 Home ဖြစ်ပါတယ်။ မော်ဒယ်က မြင်လိုက်တာနဲ့ တန်ဖိုးမြင့် မော်ဒယ်လို့ ထင်ရလောက်အေင် သေသပ်ပါတယ်။ ဒါပေမယ့် ဈေးချိုချိုနဲ့ ရနိုင်တဲ့ ဒီဇိုင်းကောင်းကောင်း မော်ဒယ်ပါ။

မျက်နှာပြင် စနစ်က Pixel သိပ်သည်းမှု 1920×1080 ထိအောင် ရှိပါတယ်။ IPS စနစ်က ပုံမှန် တန်ဖိုးနည်း မော်ဒယ်တွေမှာ ထည့်သွင်း ဖန်တီးထားတတ်တဲ့ TN စနစ်ထက် အလင်းပြန်မှုကြောင့် ဖြစ်တဲ့ ရုပ်ထွက် ဝေဝါးမှုကို အကောင်းဆုံး ထိန်းပေးတယ်၊ ကြည်လင် ပြတ်သားမှုလည်း ပိုကောင်းလာပါတယ်။ External Storage ချိတ်ဆက် အသုံးပြုဖို့သာ ဝန်မလေးဘူး ဆိုရင်တော့ တန်ဖိုးနည်း မော်ဒယ်ထဲမှာ အခု Swift 1 က ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ်လို့ ဆိုချင်ပါတယ်။

ချိတ်ဆက်စနစ်အတွက် HDMI ပေါက်ပါတယ်၊ USB 2.0 တပေါက်၊ USB 3.0 နှစ်ပေါက်၊ USB-C 3.1 တပေါက်၊ SD ကတ်ပေါက်လည်း ပါတယ်၊ Ethernet ပေါက်တော့ မပါပါ။ သူက ပုံမှန် Laptop မော်ဒယ် အများစုမှာ ပါရှိနေကြ ချိတ်ဆက် ပေါက်လည်း ဖြစ်ပါတယ်။ Wi-Fi ဖမ်းနိုင်တယ်။ Keyboard စနစ်ကလည်း မဆိုးပါဘူး။ ခရီးသွားရင်း သုံးတတ်သူတွေ အဆင်ပြေမယ့် လက်ကွက် အနေအထား တွေ့ရပါတယ်။

ကွန်ပျူတာ အခုမှ အခြေခံ စသုံးမယ် သူတွေ၊ အခြား အခြေခံ အသုံးတွေလောက်ပဲ သုံးမယ်သူတွေ အတွက်ကတော့ အကောင်းဆုံး မော်ဒယ်ပါပဲ။ RAM နဲ့ Storage တွေက အခြေခံ သမားတွေ အတွက် အဆင်ပြေပါတယ်။ စွမ်းဆောင်ရည်လည်း မဆိုးပါဘူး။ Multimedia Multitasking Test 3.0 အပိုင်းစမ်းသပ် အသုံးပြုမှုနဲ့ အတူ ရမှတ် ပေးထားမှုမှာ ဈေးကွက်ထဲက Swift 1 ရဲ့ အဓိက ပြိုင်ဘက် Lenovo Ideapad 110S ကို ၂၇၈၀ မှတ်၊ HP Steam 14 ကို ၃၁၃၄ မှတ်ပေးထားပြီး Swift 1 ကိုတော့ ၃၀၉၇ မှတ် ပေးထားတာ တွေ့ရပါတယ်။

Geekbench 3 ကလည်း Multi-core စမ်းသပ်ချက်မှာ Microsoft Surface 3 ကို ရမှတ် ၃၄၃၂ မှတ်၊ Lenovo ThickPad 13 ကို ရမှတ် ၅၁၉၂ မှတ်ပေးထားပြီး Swift 1 ကိုတော့ ၄၃၁၂ မှတ်ပေးထားတာ တွေ့ရပါတယ်။ ဘက်ထရီပိုင်း စမ်းသပ်မှု အတွက် ရုပ်သံ ကြည့်ရှုစစ်ဆေးမှုမှာ HP Steam 14 တောင် ရမှတ် ၄၇၆ မှတ်၊ HP Steam 11 မှာ ရမှတ် ၄၀၃ မှတ်ပဲ အများဆုံး ရကြပေမယ့် Swift 1 ကတော့ ၅၅၆ မှတ်ရရှိတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ မော်ဒယ်က ဘက်ထရီပိုင်း အားကောင်းကောင်းနဲ့ ကွန်ပျူတာကို အခြေခံပဲ သုံးမယ်။ ရုပ်သံကြည့်မယ်၊ အခုမှ ကွန်ပျူတာ လေ့လာမယ်၊ သင်မယ် ဆိုတဲ့ သူတွေ အတွက် အကောင်းဆုံး မော်ဒယ် တခု ဖြစ်ပါတယ်။

Ref: www.cnet.com

Your Thoughts …
Tags: Acer
သက်နိုင်ဦး (UCSL)

သက်နိုင်ဦး (UCSL)

Similar Picks:

No Content Available
Next Post
ဘီလျှံနာ သူဌေးတွေ ဘယ်နိုင်ငံတွေမှာ အများဆုံး ရှိနေသလဲ

ဘီလျှံနာ သူဌေးတွေ ဘယ်နိုင်ငံတွေမှာ အများဆုံး ရှိနေသလဲ

နိုဝင်ဘာ ၁၂ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဗီယက်နမ်သမ္မတ ထရန် ဒိုင်ကွမ် တို့ကို ဟနွိုင်မြို့ သမ္မတအိမ်တော်တွင် တွေ့ရစဉ်(ဓာတ်ပုံ- Reuters)

အမေရိကန်နှင့် ဗီယက်နမ် စီးပွားရေးသဘောတူညီချက်များ လက်မှတ်ရေးထိုး

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4.2k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

1 day ago
4.1k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate