• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

Smart ပြက္ခဒိန်ပါ အလန်းစား မော်ဒယ်လ်များက ဒီလိုဆိုတယ်

by မြတ်သူအောင်
24 January 2014
in Lifestyle
A A
01
02
03
12.7k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


Smart Group Of Companies ရဲ့ ၂၀၁၄ ခုနှစ်ထုတ် ပြက္ခဒိန်မှာ သရုပ်ဆောင်ထားတဲ့ မော်ဒယ်လ်တွေရဲ့ ပွင့်လင်းမြင်သာမှု တွေဟာ အခုလက်ရှိ facebook ပေါ်မှာ ခေတ်အစားဆုံးလို့ ဆိုရမှာပါ။ ရေကူးဝတ်စုံနဲ့ အလန်းစား ပြက္ခဒိန်စာရွက်ပုံတွေကို ဓာတ်ပုံရိုက်ပြီး facebook ပေါ် တင်ကြတာ၊ ရှယ်ကြတာတွေနဲ့ facebook ကိုကိုကာလသားတွေ အလုပ်များနေကြသလို၊ တချို့ကလည်း ဒီပုံတွေကို ကြည့်ပြီး ထုံးစံအတိုင်း ဝေဖန်လေကန်မှု တွေလည်း ရှိနေပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
362
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
821
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

ဒီပြက္ခဒိန်မှာ သရုပ်ဆောင် ပါဝင်ကြသူတွေကတော့ ခင်ရူပ၊ M ဆိုင်းလူ၊ ပက်ထရစ်ရှာ၊ သဉ္ဇာနွယ်ဝင်း၊ နန်းသီရိမောင်၊ နွယ်ဒါလီထွန်း၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ မေဆူးမောင်၊ အေးချမ်းမိုး၊ ဂျွန်မိုမိုကို၊ ပိုးအိဖြူဇင်နဲ့ ယိုးဒယား အမျိုးသမီး မော်ဒယ်လ် တဦးတို့ ဖြစ်ပါတယ်။

ဒီလိုရိုက်ချက် အလန်းများ ရိုက်ကူးခံရတဲ့ ခံစားချက်များနဲ့ လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပါဝင်တဲ့ မော်ဒယ်လ် သရုပ်ဆောင် တချို့ကို ဧရာဝတီက မေးမြန်းခဲ့ပါတယ်။

မော်ဒယ်လ်သရုပ်ဆောင် ခင်ရူပက သူ့အနေနဲ့ နှစ်တိုင်း ရိုက်ဖြစ်တဲ့အတွက် အခုနှစ်မှာလည်း ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း Smart က ဦးကျော်ကျော်လှိုင် နဲ့လည်း ခင်နေတာကြောင့် အခုလို ရိုက်ဖြစ်တာဖြစ်ကြောင်း ဟြေပါတယ်။

“ဓာတ်ပုံရိုက်ရာမှာ ဝတ်တဲ့ အဝတ်အစားပုံစံကို ပြောထားတဲ့အတွက် ကိုယ်တိုင်ပဲစီစဉ်ပြီး အသားရောင် ဘရာနဲ့ အပေါ်က
ရှပ်အကျႌ အသားရောင်ကို ခါးမှာစည်းပြီး ကြယ်သီးဖွင့်ပြီးတော့ ရိုက်ခဲ့တာ။ ညီမတောင် တကိုယ်လုံး ရေစိုခဲ့တယ်၊
အသားကပ်ပုံစံ ဘောင်းဘီအတိုနဲ့ ရေထဲမှာ ရိုက်ခဲ့တာပါ။ ကျိုက်ထိုမြို့နားက ရေတံခွန်တခုမှာ ရိုက်ခဲ့တာ။အဲဒီလို ရိုက်ရတာ တော်တော်တော့ မိုက်တယ်၊ လွတ်လပ်တယ်၊ ချုပ်တီးရတာမျိုး မရှိဘူး၊ လုံး၀ Sexy ဖြစ်တဲ့ ပုံစံမျိုးပဲ။ ပါတဲ့ မော်ဒယ်လ်တိုင်းက ချုပ်တီးရတာမျိုး မရှိဘဲ Freedom ဖြစ်တယ်။ သူများ ဟြေဆိုဝေဖန်လာမှာကို စဉ်းစားထားလား ဆိုတော့ ဒါကတော့ ဓာတ်ပုံတပုံ ရိုက်တဲ့အခါမှာ မြန်မာဝတ်စုံနဲ့တောင်မှ လှတယ်၊ မလှဘူး ဝေဖန်မှုဆိုတာ ရှိတာပဲလေ၊ ဘယ်အရာမဆို အကောင်းနဲ့ အဆိုး ဝေဖန်မှုကတော့ ရှိမှာပဲပေါ့။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ကိုယ်က အနုပညာ အနေနဲ့လုပ်တော့ အနုပညာ အနေနဲ့ပဲ သတ်မှတ်ပေးကြပါ၊ ဆုံးဖြတ်ပေးကြပါလို့ပဲ ညီမကတော့ အကြံပြုချင်ပါတယ်။ ဒီလိုရိုက်တဲ့အတွက် ညီမတို့ကို အနုပညာကြေးလည်း ပေးပါတယ်။ အခုလို ရိုက်ဖြစ်တာကလည်း ကိုယ်တယောက်တည်း ချွန်ထွက်ပြီး လုပ်တာ မဟုတ်ဘဲ၊ အများနဲ့ သွားရတာဖြစ်တော့ ကိုယ့် Image မထိမယ့်ဟာမျိုး ဆိုရင်တော့ ရိုက်ရင် ရိုက်ဖြစ်မယ်ပေါ့နော်၊ သီးသန့်ကြီး ကိုယ်တယောက်တည်း ဆိုရင်တော့ ရှောင်သင့်တယ် ဆိုရင် ရှောင်ရမှာပေါ့။ လုပ်ရမယ့် အလုပ်အပေါ်မှာ မူတည်ပြီး ကိုယ်လုပ်သင့်၊ မလုပ်သင့် စဉ်းစားပြီး အလုပ်တခုကို လက်ခံတာပဲ ကောင်းပါတယ်” လို့ သူ့အယူအဆကို ဟြေပါတယ်။

Smart ပြက္ခဒိန်ရဲ့ စာမျက်နှာတိုင်းမှာ မော်ဒယ်လ် တွေရဲ့ အလန်းစား ဓာတ်ပုံတွေအပြင် ဆောင်ပုဒ်လိုလို၊ အဓိပ္ပာယ် ဖွင့်ဆိုချက်လိုလို စာတန်းတတန်းစီလည်း ပါရှိပါတယ်။

“နားထောင်တဲ့အခါ စကားလုံးတွေရဲ့ နောက်က အဓိပ္ပာယ်တွေနဲ့ ခံစားချက်တွေကိုပါ သိဖို့လိုပါတယ်” လို့ ခင်ရူပရဲ့ ဓာတ်ပုံမှာ ရေးထားတာ တွေ့ရပါတယ်။

ဆက်လက်ပြီး ခင်ရူပက “ပထမတော့ ညီမလည်း ရှက်ပါတယ်။ ဓာတ်ပုံဆရာကလည်း ကိုယ်အလှဆုံး ဖြစ်အောင် ကြိုးစား ပြီးတော့ သူလည်း အပင်ပန်းခံ ရိုက်ပေးရတာလေ။ ဓာတ်ပုံဆရာနဲ့ညှိပြီး လုပ်ခဲ့ပါတယ်၊ ဓာတ်ပုံ ဆရာကို ရှက်တာတော့ မရှိပါဘူး။ အကောင်းဆုံး ဖြစ်အောင် အနုပညာကို အနုပညာစိတ်နဲ့ပဲ လုပ်လိုက်တော့ ရှက်တာတွေတောင် ဘယ်ရောက် သွားမှန်း မသိတော့ပါဘူး” လို့ ဧရာဝတီကို ဟြေပါတယ်။

မော်ဒယ်လ် သရုပ်ဆောင် ပက်ထရစ်ရှာကလည်း အခုလို ဓာတ်ပုံမျိုး ရိုက်ရာမှာ သူတယောက်တည်း မဟုတ်ဘဲ မော်ဒယ်လ် အများစု ပါဝင်တာကြောင့် ရိုက်ဖြစ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီလိုရေကူးဝတ်စုံနဲ့ ရိုက်ခဲ့တာက သူ့ဘဝမှာ
ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

“ညီမက Commercial ကြော်ငြာအနေနဲ့ရိုက်ခဲ့တာပါ။ ဒီလိုရိုက်ခဲ့တာကလည်း ပထမဦးဆုံးအနေနဲ့ အလုပ်သဘောအရ ရိုက်ခဲ့တဲ့သဘောပါပဲ။ ဘာခံစားမှုမှ မရှိပါဘူး၊ ကိုယ်တယောက်ထဲလည်း မဟုတ်ဘဲ မော်ဒယ်လ် တော်တော်များများ ပါလို့ ရိုက်ဖြစ်ခဲ့တာပါ” လို့ ဧရာဝတီကို ဟြေပါတယ်။

ဒီပြက္ခဒိန်မှာ ပက်ထရစ်ရှာက Two Piece ပန်းရောင် ဝမ်းဆက်နဲ့ ဆံရှည်တွေကို ဖားလျားချပြီး ရေပိုက်နဲ့ ဖျန်းပက်နေဟန် သရုပ်ဆောင် ထားပါတယ်။ သူ့ဘေးမှာတော့ ဆင်ကြီးတကောင်ရဲ့ ဦးခေါင်းပုံကို တွေ့ရပါတယ်။ လူရိုင်းမလေး တယောက် တောထဲက ဆင်ကြီးနဲ့အတူ ခေတ်ပုံစံ ရေကစားနေတဲ့ ဟန်ပါ။

“လျှို့ဝှက်ချက်ကု ထုတ်ဖော်ပြောဆို လိုက်တယ်ဆိုတာ ဒီလူကို မိမိဘဝထဲ ဆွဲသွင်းလိုက်တာနဲ့ အတူတူပါပဲ” ဆိုတဲ့ စာတန်းကတော့ ပက်ထရစ်ရှာရဲ့ ဓာတ်ပုံနဲ့ တွဲဖက် ဖော်ပြထားပါတယ်။

မော်ဒယ်လ် နန်းသီရိမောင်ကတော့ ဒီလို ရေကူးဝတ်စုံနဲ့ ဓာတ်ပုံ ရိုက်ခဲ့တာက သူ့ရဲ့ အနုပညာတခုကို ချပြ လုပ်ဆောင် ခဲ့တဲ့ သဘောပါပဲလို့ ဆိုပါတယ်။

“ညီမ ၂၀၀၇ မှာ မော်ဒယ်လ် သင်တန်းတက်ရင်းနဲ့ ဓာတ်ပုံတွေဘာတွေ စမ်းရိုက်ကြည့်တယ်။ မဂ္ဂဇင်းကာဗာတွေ ရိုက်ရင်းနဲ့ လုပ်ဖြစ်ခဲ့တာပါ။ Smart ကုမ္ပဏီက ကမ်းလှမ်းတာကြောင့် ရိုက်ဖြစ်ခဲ့တာပါ။ ပက်ထရစ်ရှာတို့လည်း ပါတယ်၊ ညီမ သူငယ်ချင်း တွေလည်း အများကြီး ပါတယ်ဆိုတော့ ရိုက်ဖြစ်ခဲ့တာပါ” လို့ သူက ဧရာဝတီကို ဟြေပါတယ်။

နန်းသီရိမောင်ရဲ့ ပုံကိုတော့ သြဂုတ်လ သရုပ်ဖော်ပုံ အဖြစ် တွေ့ရမှာ ဖြစ်ပြီး Two Piece အနက်ဝမ်းဆက်နဲ့ ပက်လက် အနေအထား ရိုက်ကူးထား ပါတယ်။

“ညီမ အလုပ်တခုကိုဘယ်လို ကောင်းကောင်း လုပ်ရမလဲဆိုတာပဲ တွေးပါတယ်။ ဘယ်လို အကောင်းဆုံး ဖြစ်အောင်
လုပ်ပေးရမလဲပဲ စဉ်းစားပါတယ်။ သူတို့ဘက်က သူတို့ လိုချင်တဲ့ပုံစံရယ်၊ သူတို့လိုချင်တဲ့ ပို့စ်ရယ် မော်ဒယ်လ် အကုန်လုံးကို ဟြေပြပါတယ်။ ရိုက်နေတဲ့ အချိန်မှာလည်း အလုပ်တခုကို ဘယ်လို အကောင်းဆုံး လုပ်မလဲဆိုတဲ့ စိတ်မျိုးပဲ ရှိပါတယ်။ အနုပညာ တခုကို ချပြတဲ့ ပုံစံပါပဲလို့ ဟြေပါတယ်။ အလုပ်တခု လုပ်တဲ့အခါ ဝေဖန်မှုဆိုတာ ကောင်းကောင်းဆိုးဆိုး ရှိကြတာပါပဲ၊ အဲဒါ နဂိုကတည်း ကပါ။ ညီမ ဒီလို ဓာတ်ပုံရိုက်မှ မဟုတ်ပါဘူး၊ ညီမ အနုပညာ စလုပ်ကတည်းကပါ။ အဲဒါကိုလည်း ကြိုပြီး တွေးထားပါတယ်ရှင့်။ ညီမ အလုပ်တခုကို အကောင်းဆုံး လုပ်သွားမယ်လို့ပဲ စိတ်ကူးထဲမှာ ရှိပါတယ်” လို့ နန်းသီရိမောင်က ဟြေပါတယ်။

နန်းသီရိမောင်ဆိုတာ အရမ်းဟော့ရှော့ဖြစ်တဲ့ မော်ဒယ်လ် တယောက်လို့ လူပြောများသူပါ။

အဲဒါနဲ့ ပတ်သက်လို့ သူက “ဒါကတော့ ပရိသတ်တွေ ယူဆတဲ့ အမြင်လို့ပဲ ထင်ပါတယ်။ အခုလို ရိုက်တာလည်း International နဲ့ ပတ်သက်တယ် လို့ပဲ ညီမစိတ်ထဲမှာ တွေးလိုက်တာပါ။ International မှာတောင် ဒီလိုပဲ ရိုက်နေကြတာ ဆိုတော့ ညီမတို့လို လူငယ်တွေအနေနဲ့ လက်ခံပေးရမယ်ပေါ့၊ ဒီလောက်မှ ပွင့်လင်းမြင်သာမှု မရှိရင်တော့ ညီမအနေနဲ့
ရိုက်လို့ ရမှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အရင်တွေးပါတယ်။ International နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေမှာ တောင်မှ Two Piece နဲ့ ရိုက်နေကြတာပဲလေ။ ဒါက မိန်းကလေးတယောက်ရဲ့ Body Structure ရယ်၊ Skin Complexion ရယ် ကြည့်ရတာ လေ၊ အနုပညာ အနေနဲ့ပဲ ကြည့်မြင်ပေးပါ” လို့ ဧရာဝတီကိုဟြေပါတယ်။

နန်းသီရိမောင်ရဲ့ ဓာတ်ပုံအောက်မှာတော့ “အတ္တကြီးတယ်ဆိုတာ မိမိအတွက်ပဲ စဉ်းစားတဲ့သူ မဟုတ်ပါဘူး၊ အများအတွက် စဉ်းစားတဲ့သူပါ” ဆိုတဲ့ စာတန်း ဖော်ပြထားတာ တွေ့ရပါတယ်။

Your Thoughts …
Tags: EntertainEntertainment
မြတ်သူအောင်

မြတ်သူအောင်

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

by ဝင်းနိုင်သိန်း
12 July 2014
31.9k

တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

Next Post
လောခီးလာ တိုင်းရင်းသား ညီလာခံ,ကရင်ပြည်နယ်, KNU, တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့

အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန် လောခီးလာ ညီလာခံတွင် သဘောတူပြီ

MNL, Professional System, FIFA, AFC, AFF, History of MNL

မြန်မာ့ “ပရို” ဘောလုံး လောကကို လေ့လာခြင်း

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate