မိုးရာသီကိုရောက်လာပြီဆိုတော့ ထီး၊ မိုးတွင်းစီးဖိနပ်၊ မိုးကာ စတဲ့ မိုးရာသီသုံးပစ္စည်းတွေကို အသုံးပြုလာကြပါပြီ။ ခုချိန်က တက္ကသိုလ်ကျောင်းတွေရော အထက်တန်းကျောင်းတွေလည်း ပြန်ဖွင့်ပြီဖြစ်တာကြောင့် ရုံးသွား၊ ကျောင်းသွား မိန်းကလေးတွေအနေနဲ့ မိုးတွင်းစီး ဖိနပ်လှလှလေးတွေကို စိတ်ဝင်စားကြမှာ၊ လိုအပ်ကြမှာအမှန်ပါပဲ။
လူတယောက်ရဲ့အရေးကြီးဆုံး အသုံးအဆောင် ပစ္စည်းတွေထဲမှာ ဖိနပ်လည်း အပါအဝင်ဖြစ်တာမို့ ဂရုစိုက် သင့်ပါတယ်။ မိုးတွင်းလည်းဖြစ်တာမို့ အခုနောက်ပိုင်း ဆယ်ကျော်သက် မိန်းကလေးတွေကြားမှာ ဖော့ဖိနပ်အမြင့်လေးတွေ ခေတ်စားလာတာကို တွေ့ရပါတယ်။
ဒါကြောင့်မို့ ဒီ တပတ်အတွက် မိုးတွင်းစီးဖော့ဖိနပ်အမြင့်လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။
ဖော့ဖိနပ်အမြင့်လေးတွေက လူကို စမတ်ကျစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိစေနိုင်ပါတယ်။ ဖော့နဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် မိုးရေစိုခံနိုင်တဲ့အပြင် အမြင့်ဖြစ်တဲ့အတွက် ရွှံ့စင်မှာလည်း မပူရတော့ဘူးပေါ့။
ဒီလို ဖော့ ဖိနပ်အမြင့်လေးတွေဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး မိုးတွင်းဆိုလျှင် တနှစ်ကို ဒီဇိုင်းတမျိုးနဲ့ ထွက်ခဲ့တာပါ။ မနှစ်ကတော့ အနီ၊ လိမ္မော်တို့လိုမျိုး အရောင်ရင့်ရင့်တွေ ခေတ်စားခဲ့ပြီး ဒီနှစ်မှာတော့ အရောင် ဖျော့ဖျော့လေးတွေ ရောင်းအားသွက်ပြီး ခေတ်စားနေတယ်လို့ သိရပါတယ်။
မိန်းကလေးဆန်ဆန် ခေတ်မီပြီး ထဘီရော ဘောင်းဘီနဲ့ပါ တွဲဝတ်လို့ရတဲ့ ဖိနပ်အမြင့်လေးတွေမိုလို့ ဆယ်ကျော်သက်မိန်းကလေးတွေ အကြိုက်ဖြစ်မှာပါ။
ဈေးနှုန်းအနေနဲ့လည်း ၁ သောင်းခွဲကနေ ၂ သောင်းပတ်ဝန်းကျင်အထိသာ ရှိတာမို့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဖိနပ်လှလှလေးတွေကို စီးနိုင်မှာပါ။ ဒီ ဖိနပ်လေးတွေကို Rosella Gar Pink online shopping မှာ ဝယ်ယူနိုင်ပါတယ်။