၁။ အဆိုတော်မွန်းအောင်၏ “လွမ်းရတဲ့ညတွေအတွက်” တကိုယ်တော်ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ ၊ အမျိုးသား ကဇာတ်ရုံတွင် ၅.၂.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် သီချင်းပေါင်း ၃၅ ပုဒ် ဖျော်ဖြေသွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ၇ ထောင် ၊ ၁ သောင်း ၊ ၂ သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။ လက်မှတ်များကို မန်းသီရိ တေးသံသွင်း၊ My Garden Restaurant နှင့် Call Center 1876 တို့မှာ ဝယ်ယူနိုင် ပြီး Skynet ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
၂။ Back to Millennium ဂီတဖျော်ဖြေပွဲကို ပြည်သူ့ဥယျာဉ်တွင် ၄.၂.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် Acid ၊ Theory ၊ Too Big ၊ Examplez ၊ No အပါအဝင် ဂီတအဖွဲ့ ၉ ဖွဲ့ ဖျော်ဖြေ သွားမည် ဖြစ်ပြီး ပွဲလက်မှတ်များကို ၉ ထောင်၊ ၃ သောင်း ၊ ၅ သောင်း သတ်မှတ်ထားကြောင်း သိရသည်။ လက်မှတ်များ ကို မန်းသီရိတေးသံသွင်း ( ၀၁-၂၅၂၉၀၃ ၊ ၃၉၂၉၃၁ )၊ Myanmar Plaza ( 09-450038049 )၊ Junction Square (09-251025241)၊ Junction Mawtin ( 09-254255571 )၊ GMP Mall ( 09777251440 )၊ Bogyoke Zay (09-450046351 ) တို့တွင် ဝယ်ယူနိုင် ကြောင်းသိရသည်။
၃။ ပထမအကြိမ် ဂျာမန်ပညာရေး ပြပွဲကို အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် ၄.၂.၂၀၁၇ ရက်နေ့ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပညာရေးပြပွဲတွင် ဂျာမန်တက္ကသိုလ်များ၊ ဖောင်ဒေးရှင်းများ ၊ ပညာရေး အဖွဲ့ အစည်းများနှင့် ကျောင်းသားဟောင်းများ၏ ဟောပြောဆွေးနွေးမှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၄။ Big British Day ကို အလံပြဘုရားလမ်းရှိ ဗြိတိန်သံအမတ်ကြီးနေအိမ်တွင် ၅.၂.၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် စတင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပါတီပွဲသို့ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး ရိုးရာ အစားသောက်များ သုံးဆောင်ရင်း ပျော်ပွဲ ရွှင်ပွဲများကို ဆင်နွှဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
၅။ ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်ဇာတ်ကားကို ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန တွင် ၄.၂.၂၀၁၇ ရက်နေ့ ၇ နာရီတွင် ပြသသွားမည် ဖြစ်သည်။ ယင်းအသံတိတ် ရုပ်ရှင်ဇာတ်ကား အတွက် မြန်မာနှင့် ဂျာမန်ဂီတ ပညာရှင်များ ပါဝင်သော တေးဂီတအဖွဲ့က တီးမှုတ်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
၆။ Myanmar Meets Europe ဂီဖျော်ဖြေပွဲကို ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ၃.၂.၂၀၁၇ ရက်နေ့ည ၇ နာရီ အချိန်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်တွင် ဂျက်ဇ်ဂီတ ၊ အနောက်တိုင်း ဂျက်ဇ်တူရိယာများနှင့် မြန်မာ့ ဆိုင်းဝိုင်းကို ပေါင်းစပ်ကာ တီးမှုတ်ဖျော်ဖြေသွားမည် ဖြစ်သည်။ ဥရောပဂီတ ပညာရှင်များ၊ ဟိန်းတင့်ဆိုင်းအဖွဲ့နှင့် အတူ သဘင်အနုပညာရှင ်နန်းဝင်းကလည်း ပါဝင်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ကဗျာဆရာ ၁၃ ဦး၏ ပန်းချီလက်ရာများကို စုစည်းပြသသော Colours Poetry ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ် ပန်းချီပြခန်းတွင် ၂၇.၁.၂၀၁၇ မှ ၂.၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီကား ၃၅ ကား ပြသသွားမည် ဖြစ်ပြီး ကဗျာဆရာများ၏ လက်ရေးမူ ကဗျာများ၊ ကိုယ်ရေးအကျဉ်းများ ကိုလည်း ပြသထားမည် ဖြစ်သည်။ ကွယ်လွန်သူ ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေ၏ ပန်းချီကား ၂ ကားကိုလည်း လေလံတင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီဆရာမ ကြည်သာအေး၏ “I LIVE IN YANGON” ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ် ၊ ၃၅ လမ်းရှိ River Ayeyarwaddy ပန်းချီပြခန်းတွင် ၅.၂.၂၀၁၇ မှ ၇.၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရေဆေး၊ အခရိုင်းလစ် Cityscape ပန်းချီကားပေါင်း ၆၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီစိုးယုနွယ်၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို ဘိုကလေးဈေးလမ်း၊အမှတ် ၉၈ ရှိ Myanm/art အနုပညာပြခန်းတွင် ၄.၂.၂၀၁၇ မှ ၁၆.၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲ တွင် အရှေ့တောင် အာရှသားများ၏ နတ်ကွန်းနှင့် ပတ်သက်သည့် ရိုးရာယုံကြည်မှု ဓလေ့ထုံးစံ အပေါ် အခြေခံသည့် ပန်းချီလက်ရာ များကို ကြည့်ရှု့နိုင်မည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီထွန်းကျော်၏ “IDEA” ပန်းချီပြပွဲကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်းတွင် ၂၉.၁.၂၀၁၇ မှ ၂.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် ပန်းချီကား ၈၆ ကားခန့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။