• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ညလွင်ပြင်ရဲ့ အလွန်က အတွေးစိတ်ကူးကို ရေးဖွဲ့သူ ပန်းချီ လူမော်ဟန်

by ဝေယံအောင်
8 February 2018
in Culture
A A
4.4k
VIEWS
Share on FacebookShare on Twitter

စက်ရုပ်သဖွယ် ပုံမှန်နေသားကျ နေတဲ့ မြို့ပြတွေထဲကနေ ရုန်းထွက် ပြေးထွက် လိုကြသူတွေထဲမှာ အနုပညာရှင်တွေ ထိပ်ဆုံးက ပါပါတယ်။ သူတို့ဟာ မြို့ပြလူထု အတွက် လေညင်းတွေ၊ လရောင်တွေ၊ ကြယ်စင်တွေ ကိုလည်း ဆောင်ကြဉ်း ပေးတတ်ကြ ပါတယ်။ ဘယ်လို ယူဆောင်ပေးတာလဲ ဆိုတော့ သူတို့ရဲ့ အတွေးစိတ်ကူးနဲ့ ဖန်တီးထားတဲ့ အနုပညာ လက်ရာတွေနဲ့ပါ။

ရန်ကုန်ဇာတိသား ပန်းချီဆရာ လူမော်ဟန်ကလည်း ပုဂံ၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ သူငေးမောကြည့်ရှုရတဲ့ ‘ကြယ်သာ’ တဲ့ မြင်ကွင်းတွေ၊ လွမ်းမောတသရတဲ့ ညွတ်ကြည်ဖွယ် ညရှုခင်းတွေကို စွဲလမ်းမှတ်မိပြီး သူ့ရဲ့ အနုပညာ လက်ရာမှာ ထင်ဟပ်တင်ပြပြီး ယူဆောင်လာပါတယ်။ Night Memo (ညလွင်ပြင် အမှတ်တရ) လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး အကြိမ် ပန်းချီပြပွဲနဲ့အတူ ပုဂံစစ်သည် ရဲမက်တွေ၊ အင်္ဂလိပ်စစ်သားတွေပါ ချီတက် လိုက်ပါလာ ကြတာလည်း ပန်းချီကားတွေထဲမှာ တွေ့ရပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.3k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
422
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

တနည်းအားဖြင့် သမိုင်းအရိပ် နှောင်းအတိတ်ရဲ့ ဖြစ်ရပ်တွေလည်း ညလွင်ပြင်ရှုခင်းထဲမှာ ပါဝင်သလို တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီပုံးပျံပွဲကိုလည်း အမှတ်တရ ပြန်လည်ရေးဆွဲတင်ပြတာလည်း ပါဝင်ပါတယ်။ သူ့ရဲ့ ညလွင်ပြင် အမှတ်တရ ပန်းချီပြပွဲမှာ မြို့ပြမှ လွတ်မြောက်ခြင်း (Escape from the Urban Life)၊ အတိတ်ရှုခင်း (The Flashback of the Landscape) နဲ့ မီးနဲ့ပျော်တဲ့ တောင်ပေါ်သားများ (The Highlanders who love to play with fireworks) စတဲ့ စီးရီးသုံးခုနဲ့ တင်ပြထားပါတယ်။

မြို့ပြမှ လွတ်မြောက်ခြင်း ပန်းချီကားတွေ ဖန်တီးဖြစ်ပုံနဲ့ ပတ်သက်လို့ ပန်းချီဝင်းမော်ဟန်က “မြို့ပြမှ လွတ်မြောက်ခြင်း စီးရီးတွေ ရေးဆွဲနေရင်း မြို့ပြက ထွက်ပြေးလွတ်မြောက်မှုနဲ့ မြို့ပြညတွေနဲ့ ကင်းဝေးတဲ့ အရသာကို ဒီပန်းချီကားတွေထဲမှာ ဖော်ကျူးရေးဆွဲမိပါတယ်” လို့ ဆိုပါတယ်။

 

သူ့ရဲ့ အတိတ်ရှုခင်း ပန်းချီစီးရီးနဲ့ ပတ်သက်ပြီးပန်းချီ လူမော်ဟန်က “ကြယ်ငေးတာထက် ပိုလေးနက်တဲ့ လမ်းကြောင်း တခုဆီကို သွားချင်လာမိတယ်။ အဲဒါကတော့ ကိုယ်ရေးဆွဲနေတဲ့ ရှုခင်းရဲ့ နောက်ခံသမိုင်းတွေကို ဖော်ကျူးချင်မိတာပဲ ကျနော်တို့ နိုင်ငံရဲ့ အကြီးကျယ်ဆုံး သမိုင်းကြောင်းကို ပြပါ ဆိုရင်တော့ ပထမမြန်မာနိုင်ငံ အဖြစ် ထင်ရှားခဲ့တဲ့ ပုဂံမြို့ဟောင်း ပါပဲ။ ရှေးမြန်မာကြီးတွေရဲ့ နှလုံးရည်မြင့်မားမှုကို ထင်ဟပ်ပြနေတယ် လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ အဲဒီ နှလုံးရည်စွမ်းအား နောက်မှာ ပုန်းကွယ်နေတဲ့ လက်ရုံးရည် စွမ်းအား တွေကို ထင်ဟပ်ခံစားစေချင်တဲ့ အတွက်ပါ” လို့ ဆိုပါတယ်။

နောက်ပန်းချီကား တကားမှာတော့ မန္တလေးညရဲ့ ကြယ်အလင်းတွေ အောက်မှာ ကျုံးရေပြင်ကို ဖြတ်လို့ မြန်မာဘုရင် သီပေါမင်းနဲ့ မိဖုရား စုဖုရားလတ်တို့ကို အင်္ဂလိပ်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားနေပါတယ်။ “မန္တလေး နန်းတော်၊ ကျုံးနဲ့ မြို့ရိုးကို တွေ့လိုက်ရင်လည်း ကြီးကျယ်ခမ်းနားတဲ့ မှန်သားနန်းတော်ထဲက သွေးချောင်းစီးခဲ့တဲ့ နန်းလုပွဲတွေနဲ့ အင်္ဂလိပ်ရဲ့ ကိုလိုနီနယ်ချဲ့မှု တွေကို မြင်ယောင်မိကြမှာပါ” လို့ ပန်းချီလူမော်ဟန်က ဆိုပါတယ်။

လူမော်ဟန်ရဲ့ ပန်းချီပြပွဲနဲ့ ပတ်သက်ပြီး Contemporary Artist တဦး ဖြစ်တဲ့ ပန်းချီမြတ်ကျော့က “ပန်းချီလူမော်ဟန်ရဲ့ Night Memo ပထမဆုံး တကိုယ်တော် ပန်းချီ ပြပွဲဟာ Magic Realism ဆီကို ဦးတည်တဲ့ ခေတ်ပြိုင် ပန်းချီပြပွဲ ဖြစ်တယ် လို့ မြင်ပါတယ်။ ဥပမာ-အဆင့်မြင့်အသေးစိတ်ရေးဆွဲထားတဲ့ Realism ပန်းချီကားထဲကို ယုံဖို့ ခက်ခဲတဲ့ အလွန်ထူးဆန်းတဲ့ တစုံတရာ ချဉ်းနင်း ဝင်ရောက် စွက်ဖက်ထားသလိုမျိုး…” လို့ ဆိုပါတယ်။

ပန်းချီ လူမော်ဟန်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် ပန်းချီဆရာကြီး ဦးသောင်းဟန်ရဲ့မြေး၊ နာမည်ကျော် ပန်းချီဆရာ ဝင်းမော်ဟန်ရဲ့ သားဖြစ်ပြီး အုပ်စုပန်းချီပြပွဲ များစွာမှာ ပါဝင် ပြသခဲ့သူ အနုပညရှင် တဦးပါ။ သူ့ရဲ့ Night Memo ပန်းချီပြပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း အထက် ဘလောက်၊ အမှတ် ၂၃၈ မှာ ရှိတဲ့ Studio Square ပြန်ခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဒီပန်းချီပြပွမှာ ၂ ပေ ၃ ပေ၊ ၄ ပေ ၃ ပေအရွယ် ပန်းချီကား ၁၆ ကား ပြသသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေက ဒေါ်လာ ၅၀၀ ကနေ ၈၀၀ အထိ သတ်မှတ်ထားပါတယ်။

Your Thoughts …
Tags: ပန်းချီ လူမော်ဟန်
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အဆိုတော် ဟဲလေးနဲ့ အိမ့်ချစ်  / ယုဖြူဟန် / ဧရာဝတီ

“ချစ်သူများနေ့” အထိမ်းအမှတ် သီချင်း Album ၆ ခု ထွက်မည်

နှစ် သန်း ၁၀၀ သက်တမ်းရှိ ပယင်းအတွင်း၌ တွေ့ရသော ပင့်ကူ / University of Kansas

နှစ်သန်း ၁၀၀ သက်တမ်းရှိ ပယင်းထဲ အမြှီးပါ ပင့်ကူ တွေ့ရှိ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate