မကြာခင် ကျရောက်မယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ “ချစ်သူများနေ့” အထိမ်းအမှတ်အဖြစ် သီချင်းခွေ Album အသစ် ၆ ခွေထွက်ရှိခြင်းနဲ့ Valentine Music Festival ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက် နေ့အထိ ရန်ကုန်မြို့၊ မြန်မာပလာဇာ Outdoor Area မှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ၃ ရက်ကြာ ပြုလုပ်သွားမယ့် “Valentine Music Festival မှာ သီချင်း Album ၆ ခုမှာ ပါဝင်သီဆို ထားတဲ့ အနုပညာရှင်များက အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ တေးသီချင်းများ ဖျော်ဖြေခြင်းများ အပြင် အခြားအနုပညာရှင်များရဲ့ ဖျော်ဖြေမှုများလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

“အခွေထွက်မယ့်နေ့မှာ ညနေ ၅ နာရီကနေ ည ၇ နာရီအထိ မြန်မာပလာဇာမှာ လက်မှတ်ရေးထိုး ရောင်းချသွားမှာပါ။ ပထမဆုံး အခွေဝယ်တဲ့ ပရိသတ်အယောက် ၁၀၀ အတွက် တီရှပ် အထည် ၁၀၀ စီစဉ်ထားပါတယ်။ လက်မှတ်ထိုးပွဲ လာရောက်မယ် ပရိသတ်တွေအတွက် ချောကလက်လေးတွေ လက်ဆောင်ပေးဖို့လည်း စီစဉ်ထားပါတယ်။ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ အဆိုတော် အိမ့်ချစ်က ပြောပါတယ်။
“ချစ်သူများနေ့” အထိန်းအမှတ်အဖြစ် ထွက်ရှိမယ့် သီချင်း Album ၆ ခွေကတော့ အဆိုတော် ဟဲလေးနဲ့ အိမ့်ချစ်တို့ရဲ့ “ချောကလက်မှိုတက် ညိုပြာညက်” ၊အမျိုးသား ပေါ့ပ်အဆိုတော် ၁၅ ဦး ရဲ့ “Feeling 18” ၊ Lin Bin Beatz ရဲ့ “65”၊ တေးရေးနှလုံးသား ရေးထားပြီး အဆိုတော်များစွာ ပါဝင်သီဆိုထားတဲ့ “နှလုံးသား ဒိုင်ယာရီထဲက သီချင်းများ ၂” ၊ ဇေရဲရဲ့ “Hero”၊ အဆိုတော် ဖြိုးပြည့်စုံရဲ့ “သင်္ကြန်လေညင်း လုလင်” စတဲ့ အခွေတွေပဲ ဖြစ်ပါတယ်။