Culture

အာရှနိုင်ငံတွေမှာ တဦးနဲ့တဦး ဘယ်လို နှုတ်ဆက်လေ့ရှိကြလဲ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့အနောက်ခြမ်းမှာ နေထိုင်ကြတဲ့လူတွေဟာ အာရှနိုင်ငံတွေကို လေးစားကြပါတယ်။ ဒါဟာ အာရှနိုင်ငံတွေမှာ ရှိတဲ့ ချစ်စရာရိုးရာ ဓလေ့တွေကြောင့် ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ နိုင်ငံသား အချင်းချင်း ဖြစ်စေ၊ နိုင်ငံခြားသားများကို ဖြစ်စေ တွေ့တဲ့အခါမှာ နှုတ်ဆက်ကြတဲ့ နည်းလမ်းတွေ နိုင်ငံတိုင်းမှာ ရှိကြပါတယ်။

အာရှနိုင်ငံတွေထဲက မြန်မာနိုင်ငံအပါအဝင် အနီးစပ်ဆုံး အာရှနိုင်ငံ ၅ ခုက နှုတ်ဆက်နည်းတွေကို ဖော်ပြ ပေးချင်ပါတယ်။

(၁) မြန်မာ

 

 

မြန်မာနိုင်ငံသားအများစုဟာ နွေးထွေးဖော်ရွေစွာ ပြုံးုပြနှုတ်ဆက်တတ်တဲ့ အလေ့အကျင့် ရှိပါတယ်။ ဒါအပြင့် တဦးနဲ့ တဦး “မင်္ဂလာပါ”ဆိုပြီး နှုတ်ဆက်တတ်ကြပါတယ်။ ဒါပေမယ့် ယခုခေတ် နောက်ပိုင်းမှာတော့ “မင်္ဂလာပါ” လို့ နှုတ်ဆက်ကြတဲ့ အလေ့အထက အနည်းငယ်တော့ ရှားပါး သွားပါပြီ။ ပုံမှန် နှုတ်ဆက်ကြတော့တာ မဟုတ်ဘဲ ပွဲအခမ်းအနားမျိုး၊ ဟိုတယ်၊ လေဆိပ်လို ခရီးသည်ကို ဝန်ဆောင်မှု ပေးတဲ့ နေရာမျိုးတွေမှာသာ တွေ့ရတတ်တာ များပါတယ်။

နောက်တခု ထူးခြားတာက မြန်မာနိုင်ငံသားတွေဟာ အစားအသောက် စားသောက်နေရင်း မိတ်ဆွေ၊ ဧည့်သည်တွေကို ဖိတ်ခေါ်တတ်တာပါပဲ။ “လာပါဦးလား၊ စာပါဦး” စသဖြင့် ဖော်ရွေပျူငှာစွာ ဖိတ်ခေါ်တတ်တဲ့ မြန်မာတွေရဲ့ ရင်းနှီးမှုဟာ နိုင်ငံခြားသားတွေအတွက် အံ့အားသင့်စရာပါ။ စာရေးသူတို့ မြန်မာနိုင်ငံသားတွေကို ကူညီရိုင်းပင်းတတ်ကြပြီး ဖော်ရွေပျူငှာကြတယ်လို့ ကမ္ဘာမှာ အသိများပါတယ်။

(၂) ထိုင်း

 

 

ထိုင်းလူမျိုးတွေဟာ သူတို့အပေါ်ကို မယဉ်ကျေးဘူးလို့ သူစိမ်းတွေထင်သွားမှာကို အရမ်း စိုးရွံ့တတ်ကြပါတယ်။ ဒါကြောင့်မို့လည်း အမှန်တကယ် ယဉ်ကျေးအောင် ကလေးအရွယ်ကစပြီး လက်အုပ်ချီ နှုတ်ဆက်တတ်ဖို့ သင်ကြားပေးထားကြပါတယ်။ အိန္ဒိယက အစပြုလာတဲ့ ဒီယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံမှာလည်း အလွန်တရာ ပြန့်ပွားလာခဲ့ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု အနေနဲ့တည်တံ့နေခဲ့ပါပြီ။ ထိုင်းတွေဟာ လက်အုပ်ချီပြီး တဦးနဲ့ တဦး “sawadikha” (မင်္ဂလာပါ) လို့ နှုတ်ဆက်လေ့ ရှိကြပါတယ်။

(၃) ဂျပန်

 

 

ဂျပန်တွေဟာ တယောက်နဲ့တယောက်တွေ့ရင် ဦးညွှတ်ပြီး နှုတ်ဆက်လေ့ ရှိပါတယ်။ ကိုယ်လေးစားရတဲ့ လူအပေါ် မူတည်ပြီးနှု တ်ဆက်ပုံက ကွာခြားပါတယ်။ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ရင် ခဏသာ ဦးညွှတ်ကြပေမယ့် ကိုယ့်ထက်ကြီးတဲ့ သူတွေနဲ့တွေ့တဲ့အခါမှာ ခါးကို အရမ်းကိုင်းပြီး အချိန်ကြာကြာ ဦးညွှတ်နှုတ်ဆက်ကြပါတယ်။

(၄) တရုတ်

 

 

တရုတ်နိုင်ငံသားတွေရဲ့နှုတ်ဆက်ပုံကို စာရေးသူတို့ အရင်ဆုံးသိခဲ့ကြတာ ငယ်ငယ်ကကြည့်ခဲ့တဲ့ သိုင်းကားတွေကပါ။ ရှေးက တရုတ်တွေဟာ လက်သီးဆုတ်ပေါ်ကို လက်ဝါးတင်ပြီး နှုတ်ဆက် ခဲ့ကြပေမယ့် ဒီခေတ်မှာ အဲ့ဒီယဉ်ကျေးမှုက ပျောက်သလောက် ရှိသွားပါပြီ။ အသက်ကြီးတဲ့ လူကြီးတွေကိုတော့ ခါးညွှတ်ပြီး နှုတ်ဆက်ကြပေမယ့် နိုင်ငံခြားသားတွေနဲ့တွေ့ရတဲ့အခါမှာတော့ လက်ဆွဲပြီးတော့ပဲ နှုတ်ဆက်ကြပါတော့တယ်။

(၅) အိန္ဒိယ

 

 

အိန္ဒိယကတော့ အာရှမှာရှိတဲ့ လက်အုပ်ချီ နှုတ်ဆက်မှုတွေ အားလုံးရဲ့ အစ ပထမလို့တောင် တင်စားရမယ့် နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဇာတ်နိမ့်၊ ဇာတ်မြင့် အရမ်းခွဲခြားတယ် ဆိုပေမယ့် ယဉ်ကျေးမှုမှာလည်း အဆင့်အတန်းမြင့်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေဟာ နိုင်ငံသား အချင်းချင်းဖြစ်ဖြစ်၊ နိုင်ငံခြားသားနဲ့ဖြစ်ဖြစ် တွေ့တဲ့အခါမှာ လက်အုပ်ချီ၊ ခေါင်းကိုအနည်းငယ်ငုံ့ပြီး “Namaste” (မင်္ဂလာပါ) လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။

Ref ; Greeting Facts

Did you find apk for android? You can find new Free Android Games and apps.
Loading