အမေရိကန် နာမည်ကြီး မော်ဒယ်၊ Dj အနုပညာရှင်၊ Hiltons Hotel Group တည်ထောင်သူရဲ့ အငယ်ဆုံး မြေးဖြစ်သူ၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် Paris Hilton နဲ့ သူ့ရဲ့ ခင်ပွန်းလောင်း Chris Zylka တို့ မကြာခင် ပြုလုပ်မယ့် မင်္ဂလာပွဲမှာ သူတို့ရဲ့ အသက် ၁ နှစ်ခွဲအရွယ် တူမလေး Lily-Grace Victoria က ပန်းကြဲပေးမှာလို့ သိရပါတယ်။
အသက် ၃၇ နှစ် အရွယ်၊ စီးပွားရေး လုပ်ငန်းရှင် Paris ဟာ သူ့ခင်ပွန်းလောင်း အမေရိကန် မော်ဒယ် Chris Zylka နဲ့ ပြီးခဲ့တဲ့ နှစ်သစ်ကူး ပိတ်ရက်မှာ စေ့စပ်ခဲ့ကြပြီး မကြာခင် လက်ထပ်ဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။ ညီမဖြစ်သူ Nicky Hilton Rothschild ကလည်း သူ့ရဲ့ အကြီးဆုံးသမီးလေးက Paris Hilton တို့ရဲ့ လက်ထပ်ပွဲမှာ အရေးကြီးတဲ့နေရာကနေ ပါဝင်နိုင်တယ်လို့ ပြောပါတယ်။
Nicky က “Lily-Grace က ပန်းကြဲမယ့်သူ ဖြစ်လာမယ်လို့ ကျမ ထင်ပါတယ်။ သမီးငယ်လေး Teddy ကတော့ လမ်းလျှောက်နိုင်မှာ မဟုတ်တဲ့အတွက် ဖြစ်နိုင်မယ်လို့ ကျမ မထင်ပါဘူး” လို့ ပြောပါတယ်။ Nicky ရဲ့ အဆိုအရ သူ့ရဲ့ သမီးကြီးဟာ အဒေါ်ဖြစ်သူ Paris ရဲ့ အတူရှိရတာကို သဘောကျပြီး အဒေါ်ဖြစ်သူရဲ့ အိမ်မွေးတိရိစ္ဆာန်လေးကိုလည်း ချစ်တယ်လို့ ဆိုပါတယ်။
Nicky က “Lily-Grace ဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့အတွက် အဒေါ် Paris နဲ့ အတူရှိရတာကို စိတ်လှုပ်ရှားပြီး Paris ကလည်း သမီးနဲ့ သူ့ခွေးလေးတွေကို ပေးတွေ့ပါတယ်။ Paris ဟာ နယူးယောက်မှာ အမြဲရှိတဲ့ အချိန်တိုင်း သမီးလေးတွေနဲ့ နေ့တိုင်းကို လာတွေ့ပါတယ်။ အရမ်းချစ်ဖို့ကောင်းပါတယ်” လို့ People မဂ္ဂဇင်းကို ပြောပါတယ်။
Paris ဟာ သူ့ညီမနဲ့ မိသားစုကို အမြဲတစေ တွေ့ဆုံရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တူမလေး Teddy ကို သူ့ညီမက မွေးဖွားလိုက်တဲ့ အချိန်မှာပဲ ကလေးလိုချင်တဲ့ရောဂါ ခံစားနေရတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
ညီမဖြစ်သူရဲ့ မီးဖွားပြီး ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ Paris က “ကျမ ကလေးလိုချင်တဲ့ ရောဂါရသွားပါပြီ။ ပြီးတော့ ကျမကို မျှော်လင့်ချက်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ တူမလေးမှာ မိသားစုထဲ စီးနေတဲ့ အံ့သြဖို့ကောင်းတဲ့ ဗီဇရှိတယ်လို့ ကျမသိပါတယ်။ ဒါကြောင့် ကျမ စိုးရိမ်ဖို့တော့ မလိုပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် Paris Hilton ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ထိုင်ပြီး ချမှတ်ဖို့ အလုပ်များနေတဲ့အတွက် မင်းသား Chris Zylka နဲ့ လက်ထပ်ဖို့ စီစဉ်ရတာ အခက်အခဲရှိကြောင်း မကြာသေးခင်က ထုတ်ဖော် ပြောကြားထား ပါသေးတယ်။
“ကျမ စေ့စပ်လိုက်ပြီး ကတည်းက ခရီးတွေ တော်တော်များများ သွားခဲ့ရပါတယ်။ ဒါကြောင့် ကျမအမေနဲ့ တွေ့ရဦးမှာပါ၊ အမေနဲ့ ကျမတို့ လုပ်ချင်တာတွေနဲ့ လက်ထပ်ပွဲရက်ကို သတ်မှတ်ဖို့ တချိန်လုံး ဖုန်းထဲမှာ ပြောနေရပါတယ်။ လုပ်စရာ တွေတော့ အများကြီးပါ။ အခုလိုမျိုး တခုခုကို စီစဉ်ဖို့ တော်တော်လေး ခက်ပါတယ်။ ကျမ အချိန်ဇယားတွေက ရူးလောက် ပါတယ်။ တကမ္ဘာလုံးမှာ သူငယ်ချင်းတွေ၊ မိသားစုတွေ ကျမဆီမှာရှိပါတယ်။ ပြီးတော့ အဲဒီနေ့ဟာ ပြီးပြည့်စုံတဲ့ နေ့တခု တကယ်ဖြစ်စေချင်တာပါ” လို့ Paris Hilton က ပြောပါတယ်။
Ref ; contactmusic