အထိုင်များတာဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ရေရှည်မှာ ဆိုးကျိုးတွေကိုပဲဖြစ်ပေါ်စေနိုင်သလို လတ်တလော ကြုံတွေ့ရနိုင်တာကတော့ ကိုယ်အလေးချိန်တက်လာပြီး အဝလွန်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အထိုင်များတဲ့ သူတွေအနေနဲ့ ထိုင်နေရင်း ကယ်လိုရီလောင်ကျွမ်းအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။
(၁) ရယ်ပါ
ရယ်မောခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့ အလေ့အကျင့်တခုဖြစ်ပြီး ထိုင်နေရင်း များများရယ်မောခြင်းဟာ ကယ်လိုရီတွေ လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေနိုင်သလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေနိုင်တာကြောင့် တနေ့တာမှာ များများရယ်မောသင့်ပါတယ်။
(၂) ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပါ
သင်ဟာ လုပ်ငန်းခွင်မှာရော၊ အိမ်မှာပါ အထိုင်များသူတယောက်ဆိုရင်တော့ အနီးအနားမှာ ရေဘူးလေး အမြဲဆောင် ထားသင့်ပါတယ်။ ရေများများသောက်ပြီး ကိုယ်တွင်းရေဓာတ်ပြည့်ဝအောင် နေခြင်းဟာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေသလို ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) အသီးအနှံများများစားပါ
အထိုင်များတဲ့သူလည်းဖြစ်တယ်၊ သရေစာတွေ စားတဲ့အခါမှာလည်း ဆီကြော်မုန့်တွေ၊ အသင့်စားအစားအစာတွေပဲ အစားများနေမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကို ပိုမိုမြင့်တက်စေမှာပါ။ဒါကြောင့် နေ့လယ်နေ့ခင်းတွေ သရေစာ စားတဲ့အခါမျိုးမှာ အသီးအနှံတွေကိုပိုစားပေးခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူဖြစ်စေမှာပါ။
(၄) ထိုင်နေရင်း အသက်ပြင်းပြင်း ရှုထုတ်၊ရှုသွင်း ပြုလုပ်ပေးခြင်း
ထိုင်ခုံမှာထိုင်နေရင်းနဲ့ အညောင်းအညာပြေအောင် အကြောဆန့်တာ၊ အသက်ပြင်းပြင်း ရှုထုတ်၊ရှုသွင်းတာမျိုး ပြုလုပ်ပေးခြင်းကလည်း ကယ်လိုရီတွေ လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. www.totalbeauty.com
You may also like these stories:
အသားဖြူဆေးတွေသုံးစွဲခြင်းက အန္တရာယ်ရှိစေနိုင်သလား
ဆိုဒါ အချိုရည်တွေကို ရှောင်ကြဉ်သင့်တဲ့ အချက် ၇ ချက်
ရေရှည်သုံးရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အိမ်သုံးပစ္စည်း ၄ မျိုး