လူတကိုယ် အကြိုက်တမျိုးဆိုသလိုပဲ လူတယောက်နဲ့ တယောက်ဟာ အကြိုက်ချင်းမတူကြပါဘူး။ လူသားတွေရဲ့ မတူညီတဲ့ ကြိုက်နှစ်သက်မှုတွေကနေ တဆင့် တဦးချင်းရဲ့ ပင်ကိုယ်စရိုက်ကို ခန့််မှန်းနိုင်ပြီး အခုဖော်ပြပေးမှာကတော့ မိမိအကြိုက်ဆုံး အဖျော်ယမကာတွေကနေတဆင့် သိနိုင်တဲ့ မိမိရဲ့ပင်ကိုယ်စရိုက်အကြောင်းတွေပဲ ဖြစ်ပါတယ်။
(၁) ဘီယာ
အဖျော်ယမကာတွေများစွာထဲကမှ ဘီယာကိုသာ စွဲစွဲလန်းလန်း နှစ်ခြိုက်သူဆိုရင်တော့ သင်ဟာ အလုပ်ကြိုးစားသူ တဦးဖြစ်ပြီး ငွေရှာလည်းကောင်းသလို လက်ဖွာသူတဦးလည်း ဖြစ်ပါတယ်။
(၂) ဝိုင်
သင်ဟာ ဝိုင်သောက်ရတာ ကြိုက်နှစ်သက်သူတဦးဆိုရင်တော့ ပုံမှန်အားဖြင့် ပျော်ပျော်နေတတ်သူတဦးဖြစ်ပြီး ဆုံးဖြတ်ချက်ချတာတွေနဲ့ ပတ်သက်ရင်တော့ အနည်းငယ်မပြတ်မသား ဖြစ်တတ်သူလည်း ဖြစ်ပါတယ်။ စကားကြွယ်သူတဦးလည်းဖြစ်သလို romantic ဆန်တာတွေကို ကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။
(၃) ဝီစကီ
ဝီစကီကြိုက်နှစ်သက်သူတွေရဲ့ ပင်ကိုစရိုက်ကတော့ ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းတတ်သူတွေဖြစ်ပြီး ပတ်ဝန်းကျင်ကို သိပ်မစပ်စုတတ်ဘဲ မိမိအကြောင်းသာ မိမိစိတ်ဝင်စားသူတွေသာ ဖြစ်ကြပါတယ်။
(၄) ဂျင် (Gin)
ဂျင်သောက်ရတာ ကြိုက်နှစ်သက်သူတွေကတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ သီးခြားနေတတ်သူတွေ ဖြစ်ကြပြီး စာပေလိုက်စားရတာ ဝါသနာပါသူတွေပဲဖြစ်ကြပါတယ်။
(၅) ဗော်ကာ (Vodka)
Vodka ကြိုက်နှစ်သက်သူတွေကတော့ သဘာဝတရားကို ချစ်မြတ်နိုးကြသူတွေဖြစ်ကြပြီး အေးအေးဆေးဆေး နေထိုင်ရတာကို ကြိုက်နှစ်သက်သူတွေပဲ ဖြစ်ကြပါတယ်။
Ref. www.thatslife.com.au