လူတယောက်ဟာ တနှစ်ကို ပျှမ်းမျှ ၂၄၅ ကီလိုမီတာကနေ ၂၉၂ ကီလိုမိတာအထိ လမ်းလျှောက်ကြတယ်လို့ သိရပါတယ်။ အဲဒါကြောင့် သင်နဲ့ သင့်တော်မယ့် ဖိနပ်ကို ရွေးချယ်ပြီး စီးသင့်တာပါ။ ဖက်ရှင်ကျတယ်ဆိုတာ လူတွေအမြင်မှာ ဂုဏ်ယူစရာကောင်းပေမယ့် ကျန်းမာတာကမှ ပိုပြီး ဂုဏ်ယူစရာကောင်းတယ်ဆိုတာကို လက်ခံထားဖို့လည်း လိုပါသေးတယ်။
ဒါကြောင့် ဒီတခါမှာ သင့်ခြေထောက်ကနေတဆင့် ခန္ဓာကိုယ်ကိုပါ ထိခိုက်စေတဲ့ ဖိနပ်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ထိပ်ချွန် ရှုးဖိနပ်
ထိပ်ချွန်တဲ့ ရှုးဖိနပ်ကို စီးဖူးတဲ့ အမျိုးသမီးတိုင်း ခံစားဖူးတဲ့ အရာတခုကတော့ ခြေချောင်းလေးတွေက ဖိနပ်ထိပ်မှာ ကြပ်နေပြီး နာကျင်တဲ့ ခံစားချက်ပဲလို့ ပြောရင်မှားမယ်တော့ မထင်ပါဘူး။ ခြေထောက်တွေအားလုံးကို စုပြီး ချည်ထားလို့ ဖြစ်နေတာကြောင့် သင့်ခြေထောက်အကြောတွေ အရမ်းနာမှာ သေချာပါတယ်။ ဒါကြောင့် ထိပ်ချွန်တဲ့ ရှုးဖိနပ်ကို ဝယ်တော့မယ်ဆိုရင် သင့်ခြေထောက်နဲ့ အဆင်ပြေရဲ့လားဆိုတာကို သေချာစမ်းကြည့်ပြီးမှ ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ညှပ်ဖိနပ်
ညှပ်ဖိနပ်တွေဟာ ဘယ်အချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် စီးလို့ကောင်းတဲ့ အရာတွေလို့ စောကဒ တက်နိုင်ပါတယ်။ ဒါပေမဲ့ ညှပ်ဖိနပ်တွေဟာ သင့်ရဲ့ အရေပြားကို ပွန်းပဲ့တာတွေဖြစ်စေပြီး ခြေထောက်ကို ဒဏ်ရာရစေပါတယ်။ ဒါ့အပြင် ညှပ်ဖိနပ်ဟာ သင့်ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်တာတွေ ဖြစ်စေတတ်တာကြောင့် ဒူးခေါင်းနဲ့ ခြေကျင်းဝတ်တွေကို နာကျင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။
(၃) ဒေါက်ဖိနပ်
ဒေါက်ဖိနပ်ကတော့ ခြေထောက် အာရုံကြောတွေကို နာကျင်စေပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ ဆွဲဆောင်မှုရှိတာတော့ မှန်ပေမယ့် မကြာခဏ ဒေါက်ဖိနပ်စီးခြင်းက အဆစ်လွဲခြင်း၊ ခြေသန်း နာကျင်ခြင်း၊ အာရုံကြောပျက်စီးခြင်းနဲ့ ခါးအောက်ပိုင်း နာကျင်ခြင်းတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒေါက်ဖိနပ် စီးချင်သူတွေ လိုက်နာရမယ့် စည်းမျဉ်းကတော့ ၃ လက်မထက် ပိုပြီး ထူတဲ့ ဖိနပ်ကို မစီးဖို့နဲ့ နေ့တိုင်း ဒေါက်ဖိနပ်မစီးဘဲ နေဖို့ပဲ ဖြစ်ပါတယ်။
Ref ; mmn