ရှာလာကာရည်ဆိုတာ အိမ်ရှင်မတွေအတွက်တော့ မရှိမဖြစ် အသုံးဝင်တဲ့အရာတခုပါ။ ဟင်းချက်ပြုတ်ပြင်ဆင် ရာမှာ၊ အနံ့ဆိုးတွေပျောက်အောင်၊ မီးဖိုချောင်သုံး၊ အိမ်သုံးပစ္စည်းတွေ သန့်စင်ဆေးကြောရာမှာပါ ဘက်စုံသုံး နိုင်ပါတယ်။ နေရာတော်တော်များများ အသုံးဝင်ပေမယ့် ရှာလကာရည်နဲ့သန့်စင်လိုက်ရင် ပျက်စီးသွားနိုင်တဲ့ ပစ္စည်းတွေရှိပါတယ်။
စကျင်ကျောက် ဒါမှမဟုတ် ကျောက်အမာသားနဲ့လုပ်ထားတဲ့ ကြွေပြားအခင်းတွေကို ရှာလကာရည်နဲ့ တိုက်ချွတ် မဆေးသင့်ပါဘူး။ အက်စစ်ဓာတ်များတဲ့ ရှာလကာရည်ကြောင့် မူလအရောင်တွေမှိန်ပြီး အစက်အပြောက် လေးတွေ ဖြစ်လာနိုင်ပါတယ်။ ရှာလကာရည်အစား ပန်းကန်ဆေးဆပ်ပြာရည်၊ ရေနဲ့ Rubbing Alcohol (မရှိရင် လက်သည်းချွတ်ဆေး အသုံးပြုနိုင်ပါတယ်) ရောပြီး ဆေးကြောပါ။
ရှာလကာရည်ကို ဖယောင်းတိုက်ထားတဲ့ ပရိဘောဂတွေပေါ် တိုက်လိုက်မိရင် အက်စက်ဓာတ်ကြောင့် အပေါ်ယံ ဖယောင်းတွေကွာကျပြီး ပရိဘောဂတွေ အရောင်မှိန်ဟောင်းသွားပါလိမ့်မယ်။ ဒီလိုပစ္စည်းတွေ အချိန်ကြာလို့ မှိန်လာရင် ဖယောင်းပဲပြန်တိုက်ပေးပါ။
ဟင်းချက်ရင်း မတော်တဆလွတ်ကျလို့ ကြက်ဥနှစ်တွေ အောက်ခံကြမ်းခင်းမှာပေသွားတဲ့အခါ ရှာလကာရည် သုံးပြီး ပြန်သန့်စင်တာထက် ဆပ်ပြာရည်ကို ရေခပ်နွေးနွေးနဲ့ဖျော်ပြီးသုံးတာ ပိုကောင်းပါတယ်။
အရောင်ချွတ်ဆေးနဲ့ ရှာလကာရည်ကို တွဲမသုံးသင့်ပါဘူး။ အဝတ်အစားတွေအတွက် အသုံးပြုတဲ့ အရောင် ချွတ်ဆေးတွေနဲ့ ရှာလကာရည်ရော လျှော်လိုက်ရင် အဝတ်အထည်တွေပါ ပျက်စီးသွားနိုင်ပါတယ်။
ပန်းကန်ဆေးစက်ထဲကို ရှာလကာရည်ရောထည့်ပြီး ဆေးကြောရင် ပန်းကန်တွေ ပိုတောက်ပြောင်စေတယ် ဆိုပေမယ့် ရှာလကာရည်မှာပါတဲ့ အက်စစ်ဓာတ်တွေကြောင့် စက်ထဲက ရော်ဘာအစိတ်အပိုင်းတွေ ပျက်စီး လွယ်ပါတယ်။
သစ်မာသား ကြမ်းခင်းတွေကလည်း အပေါ်မှာပြောခဲ့သလိုပါပဲ ရှာလကာရည်နဲ့ သန့်စင်လိုက်ရင် အရောင်မှိန် သွားတတ်လို့ သုံးမယ်ဆိုရင်တောင် ရေနဲ့များများဖျော်ပြီးမှ အသုံးပြုပါ။ ဖြစ်နိုင်ရင် အဝတ်လျှော်ဆပ်ပြာရည်ကို ရေနဲ့ဖျော်ပြီး သန့်စင်တာအကောင်းဆုံးပါပဲ။
နောက်ဆုံးတခုကတော့ ပုလဲနဲ့လုပ်ထားတဲ့ရတနာပစ္စည်းတွေပြန်သန့်စင်တဲ့အခါ ရှာလကာရည်မသုံးသင့်ပါ ဘူး။ အက်စစ်ဓာတ်ကြောင့် ပုလဲတွေ ပျက်စီးစေနိုင်လို့ ရေနွေးနွေးထဲ ဆပ်ပြာရည်အပျော့စားရောပြီး သန့်စင်ပါ။
Ref: Reader’s Digest