ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေကို လမ်းပေါ်မှာ၊ လိုင်းကားတွေပေါ်မှာ ကာအိန္ဒြေ ထိပါးနှောင့်ယှက်မှု (Street Harassment) ဘယ်လောက် အထိ ဆိုးဝါးနေလဲ၊ ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ ဆိုတာတွေ နိုင်ငံတကာရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ အတူ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ မထားထား၊ လူ့အခွင့်အရေး လှုပ်ရှားသူ မချယ်ရီဇာဟောင် တို့က ပါဝင်ဆွေးနွေး ထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ