မြန်မာနိုင်ငံ အရှေ့ပိုင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သော ဒေသ ၇ ခုတွင် မြေ
မြှုပ်မိုင်း များကို တိုက်ခိုက်ရေးအတွက် လက်နက်ကိုင် အဖွဲ့များက အသုံးပြုနေသကဲ့သို့ ဒေသခံ ရွာသားများကလည်း ၎င်းတို့ ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့(KHRG) ပြောသည်။

ဘားအံ၊ ဒူးပလယာ၊ ဖာပွန်၊ ညောင်လေးပင်၊ တနင်္သာရီ၊ တောင်ငူနှင့် သထုံ ခရိုင်များရှိ တိုက်ပွဲအဖြစ်များခဲ့သော နေရာများတွင်ဒေ သခံရွာသားများက အစိုးရတပ်များ ဝင်ရောက်လာလျှင် အချက်ပေး ကိရိယာအဖြစ် ရွာအနီးနှင့် တောလမ်းတချို့တွင် မြှုပ်နှံ အသုံးပြုခြင်းဖြစ်ကြောင်း မေလ ၂၁ ရက်က ထုတ်ပြန်သော KHRG ၏ “စိတ်ချသေချာမှု မရှိသော မြေ” အစီရင်ခံစာတွင် တွေ့ရှိရသည်။
“အစိုးရတပ်တွေ သူတို့ရွာတွေလာပြီး လူ့အခွင့်ရေးချိုးဖောက်မှုတွေလုပ်တော့ တချို့ရွာတွေက ရွှေ့ပြေးကြတယ်။ နေရာရွှေ့မသွား ချင်တဲ့ ရွာတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အနေနဲ့ ရွာအပြင်လယ်ကွင်းတွေနဲ့ လမ်းအချို့မှာ လက်လုပ်မိုင်းတွေထောင်ကြ တယ်။ ခုချိန်အထိ ဖော်လိုက်၊ ပြန်မြှုပ်လိုက် လုပ်နေတုန်းပဲ။ အစိုးရတပ်လာလို့ မိုင်းကွဲသံကြားရင် ကြိုပြီးပြေးလို့ရအောင်ပေါ့”ဟု KHRG ပြောရေးဆိုခွင့်ရှိသူ စောဖိုးဇော် က ဧရာဝတီကို ပြောပြသည်။
ထိုသို့အသုံးပြုနေခြင်းကို KHRG က ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှစ၍ ယခုနှစ် မေလထိ အဆိုပါခရိုင် ၇ ခု၌ ကွင်းဆင်း သုတေသန ပြု လုပ်ခဲ့ရာတွင် တွေ့ရှိချက်များအရ ထိုဒေသအတွင်း လှုပ်ရှားနေသော အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိထားပြီးနောက် မြေမြှုပ်မိုင်းများကို ဆက်လက်အသုံးပြုနေသည်ဟု ဆိုသည်။
ယင်းခရိုင်များသည် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများဖြစ်ပြီး နယ်မြေတွင်း စစ်ဆင်ရေးများ ပြုလုပ်ရာတွင် အစိုးရတပ်များ၊ KNU ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့များအသုံးပြုခဲ့သော မြေမြှုပ်မိုင်းများကိုလည်း ယခုထိ ဖော်ထုတ်ခြင်းမရှိသေးဘဲ၊ နောက်ထပ် မိုင်းမြှုပ်နှံမှုများ ရှိလာခြင်းကြောင့် ဒေသ ခံ လုထုမှာ မိုင်းအန္တရာယ်များ ကြားတွင် နေထိုင်နေရဆဲ ဖြစ်သည်ဟုလည်း သိရသည်။
KHRG က သုတေသန ပြုလုပ်ခဲ့သော ၁၄ လအတွင်း မြေမြှုပ်မိုင်းတွေ့ရှိမှုနှင့် မိုင်းကြောင့် ထိခိုက်ပျက်စီးမှုပေါင်း ၁၁၉ ခု ကိုမှတ် တမ်း ယူနိုင်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ သက်ဆိုင်ရာ အစိုးရတပ်များနှင့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် မိုင်း အဟောင်းများကို အမြန်ဖော်ထုတ်ပြီး မိုင်းအသစ် မြှုပ်နှံမှုများကိုလည်း ချက်ချင်းရပ်တန့်ပေးရန် KHRG က တိုက်တွန်း ထားသည်။
“ငြိမ်းချမ်းရေးလုပ်နေတဲ့တချိန်တည်းမှာပဲ အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကရော အသစ်တွေ ထပ် ထောင် ထားတာ ကျနော်တို့ တွေ့လာရတယ်ခင်ဗျ။ အရင် ငြိမ်းချမ်းရေးမရခင်တုန်းက မသုံးခဲ့တဲ့ နေရာတွေမှာပါ အခု ထောင် လာ တယ်။ ဒါတွေက ဒေသခံရွာသားတွေအတွက် အန္တရာယ်တွေပါ”ဟု စောဖိုးဇော် က ပြောသည်။
မြန်မာအစိုးရနှင့် တိုင်းရင်းသားတပ်များအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် အပစ်အခတ် ရပ်စဲရေးခိုင်မာမှုရရှိသွားပါက နယ် မြေ အတွင်းရှိ မြေမြှုပ်မိုင်းများကို ဖော်ထုတ်သွားရန် အစီစဉ်များပြုလုပ်ထားပြီးဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး ခိုင်မာမှု မရရှိသေး သော ကာလတွင် ထပ်တိုးမိုင်းအချို့နှင့် ယခင် တိုက်ပွဲများအကြား နှစ်ဘက် အသုံးပြုခဲ့သောမိုင်းများ ရှိနေဦးမည်ဖြစ်ကြောင်း KNU က ပြောဆိုသည်။

“နယ်မြေက တထပ်တည်းမှာ သူတို့က ကျနော်တို့ကို စိုးမိုးတယ်။ ကျနော်တို့က ပြောက်ကျားအဖြစ်နဲ့ ကိုယ့်နယ်မြေကို ထိန်း သိမ်းပြီး ခုခံကာကွယ်တယ်ဆိုတဲ့ အခါကြတော့ သူတို့ စခန်းချထားတဲ့နေရာနဲ့ ကျနော်တို့ လှုပ်ရှားနေတဲ့ နေရာရဲ့ကြားထဲမှာ ဟိုဘက်က ရောဒီဘက်ကရော လုံခြုံမှုအတွက် ထောင်တာတွေ ရှိနိုင်ပါတယ်”ဟု KNU တွဲ့ဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က ဧရာဝတီ သို့ ပြောသည်။
၎င်းက ဆက်၍“အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ခိုင်ခိုင်မာမာ ဘာမှ မလုပ်နိုင်သေးတဲ့အပေါ်မှာ ဟိုဘက်ကလည်း ဗုံးထောင်၊ ဒီဘက်ကလည်း ဗုံးထောင်တာတွေ၊ ဗုံးတွေပြန်မထုတ်တာတွေ ရှိနေဦးမှာပဲ။ ငြိမ်းချမ်းရေးကိစ္စ အောင်မြင်သွားမှပဲ နှစ် ဖက် ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားရမှာပဲ”ဟု ပြောဆိုသည်။
မြေမြှုပ်မိုင်းအသုံးပြုနယ်မြေများအတွင်း တိုက်ပွဲများတွင် ပါဝင်ခဲ့သည့် DKBA ကလည်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးယူပြီးနောက် ပိုင်းတွင် မြေမြှုပ်မိုင်းအသုံးမပြုတော့ဘဲ ယခင်အသုံးပြုခဲ့သော မိုင်းများကို ဖော်ထုတ်နိုင်ရန်အတွက် သင်တန်းများ ပေးနေသည်ဟု ဆိုသည်။
“ဒီနောက်ပိုင်းမှာ ထောင်တယ်လို့တော့ မကြားမိဘူး။ ဒါပေမယ့် ကျနော်တို့ ထိန်းချုပ်ဒေသတွေမှာတော့ အရင်မြှုပ်ခဲ့တဲ့ မိုင်းတွေ ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်နေတာတွေလုပ်တယ်။ မြှုပ်ထားတဲ့ဟာတွေ ပြန်ဖော်နိုင်အောင်လည်း လူရွေးပြီး သင်တန်းတွေ ပေးနေ တယ်”ဟု DKBA ကလို့ထူးဘော ကရင် အစည်းအရုံး(KKO) တွဲဖက်အတွင်းရေးမှူး (၂) စောလုံ့လုံ က ဧရာဝတီသို့ ပြော သည်။
KHRG က ၎င်းတို့ သုတေသန ပြုလုပ်ခဲ့သည့်“စိတ်ချသေချာမှု မရှိသောမြေ-မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် မြေမြှုပ်မိုင်း အသုံးပြုခြင်း” အစီရင်ခံစာကို ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ အပါအဝင် အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပသံရုံးတချို့ကို ပေးပို့ထားသည်ဟု ဆိုသည်။
နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးကာကွယ်ရေး အဖွဲ့(ICBL)က မိုင်းအသုံးပြုမှုကြောင့် လူအသေအပျောက် အဆိုးဆုံးနိုင်ငံထဲ တွင် အာဖဂန် နစ္စတန် နှင့် ကိုလံဘီယာ နိုင်ငံများပြီးလျှင် မြန်မာနိုင်ငံမှာ တတိယမြောက်ဖြစ်ကြောင်း ယခင်နှစ် နိုဝင်္ဘာလက ထုတ်ပြန် ခဲ့သည်။
မိုင်း အသုံးမပြုရေး စာချုပ်ကို နိုင်ငံပေါင်း ၁၅၆ နိုင်ငံက လက်မှတ်ထိုး သဘောတူထားသော်လည်း ၃၉ နိုင်ငံက လက်မှတ် မထိုးကြောင်း၊ လက်မှတ် မထိုးသည့် နိုင်ငံများတွင် တရုတ်၊ အမေရိကန်၊ ရုရှား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း သိရသည်။