အမေရိကန် အသံ(VOA) အသံလွှင့် ဌာန နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ မီဒီယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အတွက် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသည်။ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းနှင့် VOA ညွှန်ကြားရေးမှူး Mr. David Ensor တို့ ဦးဆောင်၍ ရုပ်မြင်သံကြား နှင့် ရေဒီယို ထုတ်လွှင့်မှု ကဏ္ဍများ၌ ခေတ်မီ စက်ပစ္စည်းများ အကူအညီပေးရေး၊ ဝန်ထမ်း များကို နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းများ ပေးရေးတို့နှင့်ပတ်သက်ပြီး ဆွေးနွေးကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။