သတင်းတို
မြစ်ကြီးနားတွင် ဒုက္ခသည် ၅၀၀ ခန့် ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အစိုးရက ဖမ်းဆီးထားသော ဦးလထောင်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန် စစ်ဘေး ဒုက္ခသည် ၅၀၀ ခန့်က ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြ တောင်းဆိုကြသည်။ လူထုကို ဥပဒေမဲ့ စွပ်စွဲဖမ်းဆီးခြင်း မပြုလုပ်ရန်၊ စစ်ဘေး ဒုက္ခသည် များကို လုံခြုံမှု အကာ အကွယ်ပေးရေးတို့ကိုလည်း ဆန္ဒပြသူများက တောင်းဆိုသည်။ ဆန္ဒပြသူများတွင် ခရစ် ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ဦးလထောင်ဘရန်ရှောင် ၏ မိသားစုများလည်း ပါဝင်ပြီး ဇနီးဖြစ်သူကိုယ်တိုင် ဆန္ဒပြပွဲတွင် ထိပ်ဆုံးမှနေ၍“ကျမ၏ခင်ပွန်း ဦးဘရန်ရှောင်ကို လွှတ်ပေးပါ”ဆိုသည့် စာတမ်းကို ကိုင်ဆောင်ကာ ဆန္ဒပြနေကြောင်း၊ ဒုက္ခသည်များအပြင် အရပ်သား ၁၀၀၀ ခန့်လည်း ဆန္ဒပြရာတွင် ပါဝင်ကြောင်း သိရသည်။