သတင်းတို

Nok Mini လေကြောင်းလိုင်း မြန်မာကို ပြေးဆွဲမည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ အခြေစိုက် Nok Mini လေကြောင်းလိုင်းက မြန်မာနိုင်ငံ မြို့ ၃ မြို့သို့ လာမည့်နှစ်တွင် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန်၊ မန္တလေးနှင့် ပုဂံ မြို့များသို့ စရိတ်သက်သာသည့် နှုန်းဖြင့် ပြေးဆွဲမည့် ယခု အစီအစဉ် သည် ပထမဆုံး နိုင်ငံ တကာ ခရီးစဉ်လည်း ဖြစ်ကြောင်း၊ အသုံးပြုမည့် လေယာဉ်များမှာ ခရီးသည် ၃၄ ဦးခန့် တင်ဆောင်နိုင်သော Saab 340B အမျိုးအစား လေယာဉ်များဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

Loading