မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော မြန်မာ ဝမ်ပေါင် သတ္ထု တူးဖော်ရေး ကုမ္ပဏီက ၎င်းတို့နှင့် ပတ် သက်ပြီး မမှန်မကန် ဖော်ပြသည့် မီဒီယာများကို တရားစွဲမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ မီဒီယာတချို့တွင် မြန်မာ ဝမ်ပေါင် အပါအဝင် ဖက်စပ်လုပ်ကိုင်နေသော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ကုမ္မဏီ တို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် သတင်းများ ဖော်ပြနေကြောင်း၊ ဆက်လက်ဖော်ပြနေပါက တရား စွဲဆိုသွားမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ဝမ်ပေါင် ရုံးခန်း၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ကုမ္ပဏီ အကြီးအကဲက ပြောဆိုကြောင်း သိရသည်။ ယင်းကြေးနီ စိမံ ကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် ကုမ္ပဏီကြားတွင် အငြင်းပွားမှုများ၊ အပြန်အလှန် တရားစွဲဆိုမှုများလည်း ဖြစ်ပွားလျက် ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။