သတင်းတို
တရားခွင်များသို့ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ဟု ဆို
This article has been converted from Zawgyi One to Unicode
သက်ဆိုင်ရာ အမှုစစ်တရားသူကြီး၏ ခွင့်ပြုချက်အရ တရားခွင် စည်းကမ်းချက်များနှင့် အညီ သတင်းမီဒီယာများ အပါအဝင် မည်သူမဆို တရားရုံးများသို့ ဝင်ရောက်လေ့လာနိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ယမန်နေ့က လွှတ်တော်တွင် ဖြေကြားသွားသည်။ တရားစီရင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အမှုသည်များ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတို့ကို ထိခိုက်နစ်နာစေနိုင်သည့် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်ခြင်းတို့ကို ခွင့်မပြုကြောင်း သိရသည်။