အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရတပ်များ ပြီးခဲ့သည့် စနေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ SSA တောင်ပိုင်းဘက်မှ ၁ ဦးကျဆုံး၍ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော အစိုးရတပ်၏ ခြေလျင်တပ်ရင်း အမှတ် ၅၅၃၊ ၅၅၄ တပ်ဖွဲ့ဝင်များနှင့် ၃ နာရီခန့် အကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။ အစိုးရတပ်ဖက်မှ အကျအဆုံးနှင့် ဒဏ်ရာရစာရင်းကိုမူ မသိရှိရပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။