ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန လှုပ်ရှားမှု ၃၈ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်တွင် ကျင်းပသည်။ ယင်း အခမ်းအနားတွင် NLD ဒု ဥက္ကဌ ဦးတင်ဦးက ထိုစဉ်က အင်အားသုံး ဖြို့ခွဲမှုအတွက် ၎င်းသည်လည်း တာဝန်ရှိသူဖြစ်၍ တောင်းပန်ကြောင်း ပြေကြား သွားသည်။ ဦးသန့် အရေးအခင်း ဖြစ်စဉ်က ဦးတင်ဦးသည် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူထားသူ ဖြစ်သည်။ ဦးသန့် အရေးအခင်း လှုပ်ရှား သည့် ရဟန်းရှင်လူ၊ ကျောင်းသား စုစုပေါင်း ၅၀၀၀ ခန့် အကျဉ်းထောင်ထဲ ရောက်ရှိခဲ့ရသည်ဟုလည်း ဦးတင်ဦးက ပြောဆိုသည်။ ဦးသန့် အရေး အခင်းသည် ၁၉၇၄ ခု နှစ် ဒီဇင်ဘာလ ၅ ရက်က စတင် ဖြစ်ပွားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။