သတင်းတို

နေစွမ်းအင်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး ထိုင်း ကုမ္ပဏီ စီစဉ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် နေစွမ်းအင်သုံး လျှပ်စစ်ထုတ် ပစ္စည်းများကို ထိုင်း SPCG ကုမ္ပဏီ က အကူအညီပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း နေစွမ်းအင်သုံး ပစ္စည်းများသည် တခုချင်း တန်ဖိုး ဘတ် ၇ သန်း မှ ၁၄ သန်း အထိရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းကဆိုသည်။ အသေးစား ရေအားလျှပ်စစ်နှင့် လေစွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်နိုင်ရေး အတွက်လည်း မျှော်လင့်ထားကြောင်း၊ ထိုစီမံကိန်းကို ရန်ကုန်နှင့် မန္တလေး တို့တွင် ပထမဆုံး စတင်နိုင်မည့် အခြေအနေရှိကြောင်း လည်း ပါရှိသည်။

Loading