အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ ဒေါက်တာ Rajiv Shah သည် မြန်မာနိုင်ငံသို့ မတ်လ တွင် ရောက်ရှိမည် ဖြစ်ကြောင်း သတင်းရသည်။ ၎င်းသည် မတ်လ ၈ ရက် ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် လာရောက်မည် ဖြစ်ကြောင်း၊ အမေရိကန်-မြန်မာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းးရေးနှင့် စီးပွားရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ မတ် ၅ ရက် ၆ ရက်များတွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ ရောက်ရှိလာမည် ဖြစ်ပြီး အစိုးရ အရာရှိ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ အိန္ဒိယပရဟိတ ဖိုရမ်နှင့် အာရှလူ့အဖွဲ့အစည်း တို့တွင် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း ယင်း အေဂျင်စီက ထတ်ပြန်ထားသည်။ အသက် ၃၉ နှစ်သာ ရှိသေးသည့် Shah သည် အိုဘားမား အစိုးရလက်ထက် အင်ဒီယန်း-အမေရိကန် တဦးအနေနဲ့ အမြင့်ဆုံး ရာထူးရရှိထားသူ ဖြစ်သည်။