ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီး၌ ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူများကို အကူအညီပေးရန် ရှေးဦးသူနာပြုစခန်း တည်ထောင်ရေး စင်ကာပူ ကြက်ခြေနီအသင်းက ကူညီမည်ဟု သိရသည်။ ယာဉ်မတော်တဆမှု အများဆုံးထဲမှ တခုဖြစ်သည့် ရန်ကုန်-နေပြည်တော် လမ်းမကြီးတွင် ပြီးခဲ့သည့် ၁၅ လအတွင်း ယာဉ်မတော်တဆမှု ၁၄၀ ဖြစ်ပွားခဲ့ကြောင်း၊ လူနာတင်ယာဉ် နှစ်စီးအပါအဝင် ရှေးဦးသူနာပြု စခန်း တည်ဆောက်ရေးအတွက် စင်ကာပူ ကြက်ခြေနီအသင်းက အမေရိကန် ဒေါ်လာ ၂၄၀၀၀ ထည့်ဝင်မည်ဖြစ်ကြောင်း ချယ်နယ်နယူးအေးရှား သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။