သတင်းတို
ကမ္ဘာ့လက်နက် တင်ပို့သော ထိပ်တန်း ၅ နိုင်ငံတွင် တရုတ် ပါဝင်လာ
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့လက်နက်တင်ပို့သော နိုင်ငံများ စာရင်းတွင် တရုတ်သည် အဆင့် ၅ သို့ စာရင်းဝင်လာကြောင်း ရိုက်တာ သတင်း တရပ်တွင် ဖော်ပြထားသည်။ စစ်အေးကာလ ပြီးဆုံးပြီးနောက် လက်နက်တင်ပို့ ရောင်းချမှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိလာခြင်း ဖြစ်ပြီး လက်နက် အများဆုံး ဝယ်ယူသော နိုင်ငံမှာ ပါကစ္စတန်ဖြစ်သည်။ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ခုအတွင်း တရုတ်၏ လက်နက်တင်ပို့မှု ပမာဏသည် ၁၆၂ ရာခိုင်နှုန်းအထိ တိုးလာပြီး ဗြိတိန်ကို ကျော်ကာ အဆင့် ၅ နေရာ ရောက်လာခြင်း ဖြစ်သည်။ ကမ္ဘာ့လက်နက် တင်ပို့မှုကို အမေရိကန်နှင့် ရုရှားတို့က ကြီးစိုးထားပြီး ၃၀ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းစီ ခွဲဝေယူထားကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ရှိ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့(SIPRI) ကပြောဆိုထားသည်။ တရုတ်က မြန်မာကိုလည်း လက်နက်များ ရောင်းချပေးသည်။