မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်း ၃ ခုအတွက် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၅၃၇ သန်းခန့် (ဂျပန်ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံ ကူညီမည်ဖြစ်ကြောင်း သိရသည်။ ဒေသဖွံ့ဖြိုးရေး လမ်းတံတားနှင့် အခြေအခံ အဆောက်အအုံများ၊ အလျင်အမြန် ပြန်လည်ထူထောင်ရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ၊ သီလဝါ အထူးစီးပွားရေး ဇုန်နယ်မြေတွင် အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရေး ဟူသော စီမံကိန်း ၃ ခုအတွက် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းချေးငွေများကို မြန်မာနိုင်ငံက အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ကာလ၌ ပြည်လည် ပေးဆပ်ရမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။