ရခိုင်ပြည်နယ် ပဋိပက္ခ အစီရင်ခံစာကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြရန် သတ်မှတ်ထားသော်လည်း သင်္ကြန်ကာလ ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေသည့်အတွက် ဧပြီလ ၂၃ ရက် နေ့တွင် တင်ပြရန် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန် ကြေညာလိုက်သည်။ အစီရင်ခံစာပါ တချို့သော တွေ့ ရှိချက် အကြောင်းအရာများနှင့် ၎င်းတို့အပေါ် ကော်မရှင်၏ ထင်မြင်သုံးသပ် အကြံပြုချက်များသည် ပဋိက္ခဖြစ်ပွာခဲ့သည့် ရခိုင်ပြည်နယ်၏ နယ်နမိတ်ကို ကျော်လွန် ဆက်စပ်နေသော ကိစ္စရပ်များ ပါရှိလာသဖြင့် အစီရင်ခံစာ မတင်ပြမီ အစိုးရအဖွဲ့သို့ တင်ပြ ဆွေးနွေးထားခြင်းဖြင့် လက်တွေ့ကျသော အစီရင်ခံစာ တစောင် ဖြစ်လာမည်ဟု ကော်မရှင်က ဖော်ပြထားသည်။ ကော်မရှင်သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိကြသော ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားများ၊ ရေရှည်တည်တံ့ တိုးတက်စေရန် ရည်ရွယ်၍ ပြုစုထားကြောင်းလည်း ကော်မရှင်၏ ကြေညာချက်တွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။