သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် Boao Forum For Asia Annual Conference 2013 ဖွင့်ပွဲ အခမ်းအနား တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြော ကြားခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် အရှေ့ အနောက် ဆက်သွယ်မှုဆိုင်ရာ အချက်အချာနေရာတွင် တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂၀၁၃ အနေဖြင့် နိုင်ငံအားလုံးနှင့် နိုင်ငံသားတို့၏ အခြေခံကျသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အမြင်၊ မဟာဗျူဟာနှင့်အောင်မြင်နိုင်မည့် နည်းလမ်းများ ရှာဖွေ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။