• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လယ်လုပ်ခွင့်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရေး လက်ပံတောင်း ဒေသခံများ တောင်းဆို

by ကျော်ခ
15 May 2013
in သတင်း
A A
လယ်လုပ်ခွင့်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရေး လက်ပံတောင်း ဒေသခံများ တောင်းဆို

ပြီးခဲ့သည့် ဧပြီလအတွင်းက လက်ပံတောင်းဒေသတွင် လယ်ယာမြေ ကာကွယ်ရေးလှုပ်ရှားမှု ဆိုင်းဘုတ်များ စိုက်ထူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – Han Win Aung / Facebook)

7.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ဒေသခံရွာသားများက ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရန်၊ လယ်ယာများ ထွန်ယက်စိုက်ပျိုးခွင့် ပေးရန်နှင့် ဒေသခံများအရေး ကူညီဆောင်ရွက်ရင်းမှ ဖမ်းဆီးခံရသည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားများကို ပြန်လွှတ်ပေးရန် အစိုးရဝန်ကြီးများနှင့် တွေ့ဆုံရာတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

ယမန်နေ့က တုံရွာတွင် လက်ရှိ လက်ပံတောင်းဒေသ လုံခြုံရေးဆိုင်ရာ တာဝန်ကို အဓိက ကိုင်တွယ် ဆောင်ရွက်နေသည့် စစ်ကိုင်းတိုင်းအစိုးရ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဦးကြည်နိုင်နှင့် သတ္ထုတွင်း ပြည်ထောင်စု ဝန်ကြီး ဦးသန်းထိုက် တို့ပါဝင်သော အဖွဲ့ဝင်များက ဒေသခံ ရွာသားများနှင့် လာရောက် တွေ့ဆုံခဲ့ရာတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
74
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
734
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
15

“ကျနော်တို့ တောင်းဆိုချက်တွေကို ဝန်ကြီးတွေက တပတ်အကြာမှာ အကြောင်းပြန်မယ်လို့တော့ မနေ့က ပြောသွားတယ်” ဟု တုံရွာသား ကိုအောင်သန်းမျိုး ကပြောသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာတွင် ကိုအောင်သန်းမျိုး၏ မြေ ၁၀ ဧက ပါဝင်ကြောင်း သိရသည်။

နှစ်စဉ်ရာသီပေါ် သီးနှံများ စိုက်ပျိုးချိန်ဖြစ်သည့် မိုးဦးကျ ကာလကို ရောက်ရှိလာပြီ ဖြစ်သောကြောင့် ထွန်ယက်စိုက်ပျိုးနိုင်ရန် အခက်တွေ့နေသဖြင့် ယင်းဥပဒေ ချမှတ်ထားခြင်းကို ရုတ်သိမ်း ပေးရန်တောင်းဆိုခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အစိုးရက လူထုကို တကယ်စေတနာ ထားတာမှန်ရင် လူထု အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေ ပေါ်မှာ ချမှတ်ထားတဲ့ ဒီဥပဒေကို အခုလို စိုက်ပျိုးကာလ ရောက်နေချိန်မှာ ချက်ချင်း ရုတ်သိမ်းပေးရမယ်လေ။ ကျုပ်တို့က ဘာလျှော်ကြေးမှ ယူထားတာ မဟုတ်ဘူး” ဟု ကိုအောင်သန်းမျိုးက ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအနီးတဝိုက်ရှိ ဒေသခံ တောင်သူများ၏ မြေဧက ၇၈၆၇.၇၈ ပေါ်တွင် အစိုးရ အာဏာပိုင်များက မည်သူမဆို ၂၄ နာရီအတွင်း သွားလာလှုပ်ရှားခွင့် မရှိကြောင်း ယခင်နှစ် မေလမှစ၍ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကြောင့် ဒေသခံများမှာ ၎င်းတို့ လယ်ယာမြေများကို သွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းကို တာဝန်ယူ လုပ်ဆောင်နေသည့် မြန်မာ့တပ်မတော်ပိုင် မြန်မာ့ ဦးပိုင် လီမိတက်နှင့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီတို့မှာ စီမံကိန်းကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ဦးပိုင် လီမိတက်၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများက မြေယာများကို လက်ရှိ ပေါက်ဈေးအတိုင်း ပေးချေရန် ကမ်းလှမ်းသော်လည်း အများစုက လက်မခံကြောင်း ၎င်းတို့ ဘိုးဘွားပိုင်မြေများပေါ်တွင် တရာသီလျှင် သီးနှံ ၂ မျိုး စိုက်ပြီး ကျပ် ၁၀ သိန်းခန့် ဝင်ငွေရကြောင်း ပြောသည်။

“ကျနော်တို့ လယ်ယာမြေတွေက နောင်မျိုးဆက်တွေအထိ လုပ်ကိုင် စားသောက်လို့ရပါတယ်။ သူတို့လျှော်ကြေးက ဒီတသက်တောင် စားမလောက်ပါဘူး။ လျှော်ကြေးလည်း မယူဘူး၊ ယာပဲပြန်လုပ်မယ်။ အခုလို ကိုယ့်ယာကို လုပ်ခွင့် ပိတ်ပင်ခံရမယ်ဆိုရင် ကျနော်တို့ရဲ့ မိသားစု စားဝတ်နေရေးအတွက် အခက်တွေ့မှာပဲ” ဟု တုံရွာသား ဦးမြင့်အောင် ကလည်း ပြောသည်။

ပုဒ်မ ၁၄၄ နယ်မြေ သတ်မှတ်မှုထဲတွင် ဦးအောင်မြင့်၏ ယာ ၁၀ ဧကကျော် ပါဝင်နေကြောင်း ယင်းယာခင်းများတွင် ယခင်နှစ်များက နှမ်း၊ မြေပဲ၊ ဂျုံနှင့် အခြားသီနှံများ စိုက်ပျိုးကြောင်း သူက ဆက်ပြောသည်။

“ကျနော်တို့ကတော့ ကျနော်တို့ လိုအပ်ချက်တွေကို မနေ့က ဝန်ကြီးတွေကို ပြောပြလိုက်တယ်။ ကျနော်တို့ အရင်ကလည်း တောင်းဆိုထားတာရှိတယ်၊ အစိုးရလူကြီးတွေလည်း သိနေတာပဲ။ ဒါကို မျက်ကွယ်ပြုပြီး ပုဒ်မ ၁၄၄ ရုတ်သိမ်း မပေးဘူးဆိုရင် ကျနော်တို့ကတော့ ဖြစ်ချင်ရာဖြစ် ယာထဲဆင်းထွန်ရတော့မှာပဲ။ သေချင်လည်း သေပစေတော့” ဟု ကိုအောင်သန်းမျိုးက ပြောသည်။

ဦးပိုင်-ဝမ်ပေါင် ကုမ္ပဏီမှ မြေယာလျှော်ကြေး ယူမထားသော တောင်သူများက ယခင်လ ၂၅ ရက်နေ့တွင် ၎င်းတို့ပိုင် ယာခင်းများအတွင်း ဝင်ရောက်ထွန်ယက်ကြရာ အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နှင်းခြင်းကို ခံခဲ့ရပြီး ရွာသားတဦး သေနတ်ကျည်ဆံမှန်ကာ ဒဏ်ရာရရှိသွား သကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိကာ ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း နံနက် ၃ နာရီခန့်တွင် ဝမ်ပေါင်ကုမ္ပဏီ အနီးဝန်းကျင်ရှိ လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်းဆိုနေကြသည့် သပိတ်စခန်းများကို ဝမ်ပေါင်ကုမ္ပဏီထဲတွင် လုံခြုံရေး တာဝန်ယူထားကြသည့် လုံထိန်းရဲများက မီးသတ်ပိုက်များသုံး၍ ဖြိုခွဲ၊ မျက်ရည်ယိုဗုံး သုံးခြင်းဖြင့် အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ ထိုကဲ့သို့ အင်အားသုံး ဖြိုခွဲလိုက်ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာများ၊ ဆန္ဒပြသူများ ထိုခိုက်ဒဏ်ရာများ ရရှိကြကာ ရဟန်းသံဃာများ အပါအဝင် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀ ကျော်ရှိခဲ့သည်။

Your Thoughts …
Tags: CopperMineRule of Law
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
မဟာဆင် ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ပြင်ဆင်မှု အတွက် သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)

မဟာဆင် ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ပြင်ဆင်မှု အတွက် သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)

ဦးခင်ညွန့် ပန်းချီပြခန်းဖွင့် (ရုပ်/သံ)

ဦးခင်ညွန့် ပန်းချီပြခန်းဖွင့် (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate