ဆူပူစေရန် လှုံဆော်မှုဖြင့် တရားစွဲခံနေရသည့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင် ကိုရဲမင်းဦး လွတ်မြောက်ရေးအတွက် သံဃာတော်များနှင့် အဖွဲ့အစည်းများမှ အင်အား ၅၀ ခန့်သည် ယမန်နေ့က ရွှေတိဂုံစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ကိုရဲမင်းဦး လွတ်မြောက်နိုင်ရေးအတွက် မိမိတို့ တတ်အားသမျှ ဝိုင်းဝန်း ကူညီသည့်အနေဖြင့် ဗုဒ္ဓဘာသာ ရိုးရာဓလေ့အတိုင်း ဆုတောင်း မေတ္တာပို့သခြင်း ဖြစ်ကြောင်း ဆုတောင်းပွဲတွင် ပါဝင်သည့် အရှင် ဉာဏက မိန့်သည်။ ယင်းဆုတောင်းပွဲသည် ကိုရဲမင်းဦး လွတ်မြောက်ရေးအတွက် တတိယအကြိမ်မြောက် ဆုတောင်းပွဲဖြစ်ပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခနှင့် ရခိုင်လူငယ်အဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။