ပြည်ပမှ ဝယ်ယူ တင်သွင်းသော မော်တော်ယာဉ်များ ပေါ်မှ အကောက်ခွန် ဦးစီးဌာနက ၂ နှစ်နီးပါး ကာလအတွင်း အခွန်ငွေ ကျပ် သန်း ၆ သိန်းကျော် ကောက်ခံရရှိကြောင်း သိရသည်။ မော်တော်ယာဉ် အစားထိုးစီမံချက် အပါအဝင် ပြည်ပမှဝယ်ယူတင်သွင်းသော မော်တော်ယာဉ်များအပေါ် ကျသင့်ခွန်များ စည်းကြပ် ကောက်ခံ၍ ထုတ်ပေးပြီး ဖြစ်သည့် ယာဉ်စီးရေမှာ ၂၀၆၄၃၁ စီးဖြစ်ကြောင်း၊ နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ကျပ် သန်း ၃ သိန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် သန်း ၃ သိန်းကျော်၊ စုစုပေါင်း ကျပ် သန်း ၆ သိန်းကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ မှ ၂၀၁၃ ခုနှစ် သြဂုတ် ၂၅ ရက်အထိ ၂၂ လတာ အတွင်း ယာဉ်အစားထိုး လဲလှယ်ရေး ၇၆၁၆၀ စီး၊ ကားအ ရောင်းပြခန်းများ အတွက် ၄၆၇၉၁ စီး၊ သဘောၤသားပါမစ်ဖြင့် တင်သွင်းမှု ၂၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှု ၂၈၆ စီး၊ ကုမ္မဏီပါမစ်ဖြင့် တင်သွင်းမှု ၇၂၈ စီး၊ ပြင်ပနေအလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှု ၄၃ စီး၊ ဟိုတယ်ခရီးဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှု ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှု ၁၀၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှု ၇၇၅၀၀ စီးဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။