မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန်ကို နေပြည်တော် ကောင်စီ ကောင် စီဝင် အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် နေပြည်တော် ကောင်စီ ဥပဒေ ပြဌာန်းချက်အရ ယင်းသို့ ပြောင်းလဲ တာဝန်ပေးလိုက်ခြင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။ ဦးဖုန်းဇော်ဟန်သည် မန္တလေးမြို့တော်ဝန် တာဝန်ယူခဲ့သူ ဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ဦးဖုန်းဇော်ဟန် အပါအဝင် မန္တလေး စည်ပင်သာယာရေး ဌာနမှ အရာရှိတချို့ အဂတိ လိုက်စားမှုဖြင့် တာဝန်မှ ပြောင်းရွှေ့ အယူမှု ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။