သမ္မတ အကြံပေး အဖွဲ့ဝင် ၂ ဦး ထပ်မံ ခန့်အပ်သည်။ သမ္မတ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးသန်းဆွေ၊ ဥပဒေ အကြံပေး အဖွဲ့ဝင် အဖြစ် အငြိမ်းစား ဝန်ကြီး ဦးသောင်းညွန့် တို့ကို ခန့်အပ် လိုက်ကြောင်း အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၅၈/၂၀၁၃ ဖြင့် ထုတ်ပြန်ကြေညာချက်ကို အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သြဂုတ် ၇ ရက်နေ့ ကလည်း ဒေါက်တာ အောင်ထွန်းသက် နှင့် ဒေါက်တာ ဇော်ဦး စီးပွားရေး အကြံပေး၊ ဦးဉာဏ်နိုင်ဝင်း ကို ဥပဒေ အကြံပေးများ အဖြစ်ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။