အရာရှိစစ်သည် ၃၅၉ ဦးပါဝင်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် ASW Ship-Admiral Vinogradov သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့က သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၈ ရက်နေ့အထိ ၆ ရက်ကြာ လည်ပတ်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် OCEANICTUG “KALAR” နှင့် TANKER “IRKUT” ရေယာဉ်နှစ်စင်း ထပ်မံ ရောက်ရှိလာမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။