ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စိတ်ရှည်စွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။ ယမန်နေ့က ကျောက်တော်မြို့နယ် နဝရတ်ခမ်းမ၌ အရာရှိစစ်သည် မိသားစုများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့် ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမှ လက်မခံကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။